Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
(၅၅)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမမြောက်နေ့ကျင်းပနေမှုကို ကြည့်ရှုအားပေး
နေပြည်တော်
၂၀၁၈ ခုနှစ်၊ ဇွန် လ ၂၅ ရက်
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၂၅.၆.၂၀၁၈ ရက်နေ့ (၁၃:၁၀) နာရီတွင် (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမမြောက်နေ့အဖြစ် ကျင်းပလျက်ရှိသည့် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမသို့ ရောက်ရှိ၍ ပြပွဲကျင်းပနေမှုကို ကြည့်ရှုအားပေးရာ ပြပွဲဗဟိုကော်မတီ အတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် ပြပွဲဗဟိုကော်မတီဝင်များ၊ လုပ်ငန်းကော်မတီအသီးသီးနှင့် မြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းပြသကြသည်။
ပြည်ထောင်စုဝန်ကြီးသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းထားသော ကျောက်စိမ်း ပြခန်းများနှင့် ပြပွဲကာလအတွင်း ဖွင့်လှစ်ထားသော ရတနာဆိုင်များကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။
ယနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၁၁၅၁) မှ (၂၃၀၀) ထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ (၈၃၃) တွဲကို တန်ဖိုးယူရို (၇၄.၁၂၂) သန်းဖြင့် ရောင်းချခဲ့ရပြီး အတွဲအမှတ် (၂၃၀၁) မှ (၃၄၅၀)ထိကို ၂၆.၆.၂၀၁၈ ရက်နေ့တွင် ဆက်လက်ရောင်းချမည်ဖြစ်သည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm