Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၈ ခုနှစ်၊ (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
နဝမမြောက်နေ့ ဆက်လက်ကျင်းပ
နေပြည်တော်
၂၀၁၈ ခုနှစ်၊ ဇွန် လ ၂၈ ရက်
၂၀၁၈ ခုနှစ်၊ (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမမြောက်နေ့ကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းရတနာကုန်သည် (၈၃၈) ဦး၊ ပြည်ပရတနာကုန်သည် (၂၀၇၆) ဦး၊ စုစုပေါင်း ရတနာကုန်သည် (၂၉၁၄) ဦးတက်ရောက်ခဲ့ကြပါသည်။
ယနေ့တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီအတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းအတွဲများအတွက် ရတနာကုန်သည်များက တင်ဒါပုံများအတွင်း ထည့်သွင်းခဲ့သော ဈေးနှုန်းတင်သွင်းလွှာများအား တင်ဒါဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့များက ဖွင့်ဖောက်စစ်ဆေးနေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။
၂၈.၆.၂၀၁၈ ရက်နေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၄၆၀၁) မှ (၅၇၅၀) ထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ (၉၂၅) တွဲကို တန်ဖိုးယူရို (၁၁၈.၆၉၁) သန်းဖြင့် ရောင်းချခဲ့ရသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm