Tel: 067409019 | Mail: messenger@e-mining.gov.mm

နိုင်ငံတကာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့များ မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော်
၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်

   နီပေါတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Rajendra Chhetri ၏ ဇနီး ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ၄.၇.၂၀၁၈ ရက်နေ့တွင် လည်းကောင်း၊  (၂၁) ကြိမ်မြောက် အာဆီယံ သစ်တောကဏ္ဍဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ရောက်ရှိနေကြသည့် အာဆီယံ (၁၀) နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် ၁၀.၇.၂၀၁၈ ရက်နေ့တွင်လည်းကောင်း နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာပြတိုက်သို့ လေ့လာကြည့်ရှုခဲ့ရာ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပါသည်။

နီပေါတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Rajendra Chhetri ၏ ဇနီး လာရောက်လေ့လာစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

နီပေါတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Rajendra Chhetri ၏ ဇနီး လာရောက်လေ့လာစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

အာဆီယံ (၁၀) နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ လာရောက်လေ့လာစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

အာဆီယံ (၁၀) နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ လာရောက်လေ့လာစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)