Tel: 067409019 | Mail: messenger@e-mining.gov.mm



တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ H.E. Mr. Ding Zhongli  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်(၂၁)ဦးမြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)သို့  လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော်
၂၀၁၈ခုနှစ်၊ စက်တင်ဘာလ  ၁၈ ရက်

  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ H.E.Mr. Ding Zhongli ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်(၂၁)ဦးသည် ပြည်သူ့လွှတ်တော်ရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးနှင့်  တာဝန်ရှိသူများလိုက်ပါလျက် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)သို့ (၁၈.၉.၂၀၁၈)ရက်၊ အင်္ဂါနေ့ (၁၀၅၀) နာရီအချိန်မှ (၁၁၁၀) နာရီအချိန်ထိ ရောက်ရှိ လေ့လာခဲ့ပါသည်။

  ဧည့်သည်တော်အဖွဲ့အား ပြခန်းမဆောင်အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ငွေထည်၊ သယံဇာတပစ္စည်းများ ပြကွက်တို့ကို တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ပါသည်။ ဧည့်သည်တော်အဖွဲ့သည် ရတနာဆိုင်များ၊ ရေတံခွန်ပြကွက်နှင့် ဆင်ရေပန်းတို့ကို   ကြည့်ရှုလေ့လာခဲ့ပါသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်