Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကျင်းပပြုလုပ်မည့် မဏိရတနာကျောက်စိမ်းခန်းမဝန်းအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

နေပြည်တော်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်

  မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်မည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး မဏိရတနာကျောက်စိမ်းခန်းမဝန်းအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ၃.၁၀. ၂၀၁၈ ရက်နေ့ (၁၂:၁၅) နာရီတွင် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

  ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မဏိရတနာကျောက်စိမ်းခန်းမ၊ ယာဉ်ရပ်နားကွင်းသို့ ရောက်ရှိလာရာ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များ ပြပွဲတက်ရောက်ရန် မှတ်ပုံတင်သည့် အဆောက်အအုံကို မော်တော်ယာဉ်ရပ်နားကွင်းတွင် သီးခြားဆောက်လုပ်၍ လက်ရှိ ရတနာကုန်သည် မှတ်ပုံတင်အဆောက်အအုံကို ရတနာကုန်သည် ဝင်ပေါက်အဖြစ် တိုးချဲ့ဆောက်လုပ်မည့် အစီအမံများ၊ မော်တော်ယာဉ်များ စနစ်တကျရပ်နားနိုင်ရန်အတွက်သော်လည်းကောင်း၊ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ထုထည်ကြီးမားပြီး အရေအတွက်များပြားသော ကျောက်အတွဲများ ခင်းကျင်းပြသရန်အတွက်သော်လည်းကောင်း ကျောက်စိမ်းဥယျာဉ်အတွင်းရှိ မြေကွက်လပ်ကို မြေဖို့ပြုပြင်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းများ ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

  ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မဏိရတနာကျောက်စိမ်းခန်းမဝန်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ခန်းမဧည့်ခန်းမဆောင်၌ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် ပြပွဲဗဟိုကော်မတီဝင်များ၊ လုပ်ငန်းကော်မတီအသီးသီးနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်