Tel: 067409019 | Mail: messenger@e-mining.gov.mm



(၁၄)ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဆိုင်ရာကော်မတီအစည်းအဝေးနှင့် (၁၄)ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးအဆင့် အစည်းအဝေးသို့တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများပါဝင်သော ကိုယ်စားလှယ်အဖွဲ့ဝင်(၃၇)ဦးမြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)သို့  လာရောက်လေ့လာကြည့်ရှု

နေပြည်တော်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ  ၅ ရက်

  (၁၄) ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် (၁၄) ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီး များပါဝင်သော ကိုယ်စားလှယ် (၃၇) ဦးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သီသီစိုးမင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)သို့ ၅.၁၀.၂၀၁၈ ရက်၊ သောကြာနေ့ (၁၄:၁၅) နာရီအချိန်မှ (၁၆:၁၀) နာရီအချိန်ထိ ရောက်ရှိလေ့လာခဲ့ပါသည်။

  ဧည့်သည်တော်အဖွဲ့အား ပြခန်းမဆောင်အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ငွေထည်၊ သယံဇာတပစ္စည်း ပြကွက်တို့ကို မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)က ဒုတိယ အထွေထွေမန်နေဂျာ ဦးသက်ဇော်ဦးနှင့် တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ပါသည်။ ဧည့်သည်တော်အဖွဲ့သည် ရတနာဆိုင်များ၊ ရေတံခွန်ပြကွက်နှင့် ဆင်ရေပန်းတို့ကို ကြည့်ရှုလေ့လာခဲ့ပါသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်