Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
ကျောက်မျက်ရတနာလုပ်ကွက်များခွင့်ပြုမိန့်ချထားပေးပေး၊
 စစ်ဆေးရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းကော်မတီ
ကျောက်မျက်ရတနာသတ်မှတ်လုပ်ကွက်နှင့် ဖော်ထုတ်လုပ်ကွက်များအတွက် အဆိုပြုလွှာများ တင်သွင်းရန်
ကြေညာချက်(၅/၂၀၁၂)
နေပြည်တော်၊ ၁၃၇၄-ခုနှစ် ၊ နတ်တော်လဆန်း ( ၁၁ )ရက်
(၂၀၁၂- ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်)

၁။ ကျောက်မျက်ရတနာနယ်မြေများတွင် မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်များရယူ၍ တူးဖော်​ဖော်ထုတ်လုပ်နေသည့် ကျောက်စိမ်း/ ကျောက်မျက်လုပ်ကွက်များအနက်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလများတွင် သက်တမ်းကုန်ဆုံးမည့် သတ်မှတ်လုပ်ကွက်များ၊ ဖော်ထုတ်လုပ်ကွက်များနှင့် လုံခင်း၊ ဖားကန့်ရတနာနယ်မြေ သတ်မှတ်လုပ်ကွက် (အသစ်) များကို မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ (ပုဒ်မ-၁၂)၊ (ပုဒ်မ-၁၃)၊ (ပုဒ်မ-၁၅)တို့နှင့် အညီ နိုင်ငံသား ပုဂ္ဂလိက၊ ကုမ္မဏီ၊ အသင်းများအား ဈေးပြိုင်စနစ်ဖြင့် တူးဖော်ထုတ်လုပ်ရန် ခွင့်ပြုမိန့် ထုတ်ပေးရေး ဆောင်ရွက်မည် ဖြစ်ပါသည်။

အသေးစိတ်ကြည့်ရှုရန်