Tel: 067409019 | Mail: messenger@e-mining.gov.mm



အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ၊ လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)မှ ကိုယ်စားလှယ်အဖွဲ့ဝင်(၁၉)ဦးနှင့် ဗီယက်နမ်နိုင်ငံ၊ အစိုးရစစ်ဆေးရေးဌာန (Government Inspectorate of Vietnam – GIV)မှ ဒုတိယအကြီးအကဲ H.E. Mr. Dang Cong Huan ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဝင်(၈)ဦး မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)သို့  လာရောက်လေ့လာကြည့်ရှု

နေပြည်တော်
၂၀၁၈ခုနှစ်၊ အောက်တိုဘာလ  ၁၇ ရက်

  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ၊ လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC)နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)မှ ကိုယ်စားလှယ်အဖွဲ့ဝင်(၁၉)ဦးသည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဥက္ကဋ္ဌ ဒေါ်ခင်ခင်ရှိန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) သို့ (၁၇.၁၀.၂၀၁၈) ရက်၊ ဗုဒ္ဓဟူးနေ့(၁၄၅၀)နာရီအချိန်မှ (၁၅၂၀)နာရီအချိန် လာရောက်လေ့လာခဲ့ပါသည်။

  ဗီယက်နမ်နိုင်ငံ၊ အစိုးရစစ်ဆေးရေးဌာန (Government Inspectorate of Vietnam – GIV)မှ ဒုတိယအကြီးအကဲ H.E. Mr. Dang Cong Huan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်(၈)ဦးသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲထက်နှင့် တာဝန်ရှိသူများ လိုက်ပါလျက်  မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) သို့ (၁၇.၁၀.၂၀၁၈)ရက်၊ ဗုဒ္ဓဟူးနေ့ (၁၅၀၅) နာရီအချိန်မှ (၁၆၀၀)နာရီအချိန်ထိ လာရောက်လေ့လာခဲ့ပါသည်။

  ဧည့်သည်တော်အဖွဲ့ဝင်များအား ပြခန်းမဆောင်အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ငွေထည်၊ သယံဇာတပစ္စည်းများ ပြကွက်တို့ကို မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)က ဒုတိယအထွေထွေမန်နေဂျာ ဦးသက်ဇော်ဦးနှင့် တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ပါသည်။ ဧည့်သည်တော် အဖွဲ့ဝင်များသည် ရတနာဆိုင်များ၊ ရေတံခွန်ပြကွက်နှင့် ဆင်ရေပန်းတို့ကို   ကြည့်ရှုလေ့လာခဲ့ပါသည်။

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်