Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သတ္တုတွင်းဝန်ကြီးဌာန

ကျောက်မျက်ရတနာလုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး၊

စစ်ဆေးရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းကော်မတီ

အကျိုးတူလုပ်ကွက်(အသစ်)များနှင့်ပတ်သက်သည့်

ကြေညာချက်(၂/၂၀၁၃)

နေပြည်တော်၊ ၁၃၇၄ ခုနှစ်၊ ပြာသိုလဆန်း(၁၄)ရက်

(၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅)ရက်

 

၁။ (၈.၁.၂၀၁၃)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် (၁/၂၀၁၃)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီ အစည်းအဝေး ဆုံဖြတ်ချက်အရ မိုင်းရှူးရတနာနယ်မြေ၊ နန့်ယားဆိပ် ရတနာနယ်မြေတို့တွင် ဖော်ထုတ်လုပ်ကွက် (အသစ်)များ လုပ်ကိုင်ခွင့်လျှောက်ထားမှုကို ဆက်လက် လက်ခံ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။        မိုးညှင်းရတနာနယ်မြေ၊ ခန္တီးရတနာနယ်မြေတို့တွင် ဖော်ထုတ်လုပ်ကွက် (အသစ်)များ လုပ်ကိုင်ခွင့် လျှောက်ထားမှုကို လက်ခံဆောင်ရွက်ခြင်းအား (၂၉.၁.၂၀၁၃)ရက်နေ့မှစတင်၍ ရပ်နားထားမည်ဖြစ်ကြောင်းနှင့် ဖော်ထုတ်လုပ်ကွက်(အသစ်)များ လုပ်ကိုင်ရန်အဆိုပြုလွှာများ တင်ပြလျှောက်ထားမှုအား ပြည်လည်လက်ခံ ဆောင်ရွက်ပေးမည့် နေ့ရက်ကို ထပ်မံကြေညာ သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ကျောက်မျက်ရတနာလုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးရေး၊ စစ်ဆေးရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းကော်မတီ