Tel: 067409019 | Mail: messenger@e-mining.gov.mm
ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Chaiyapruk Didyasarin ၏ ဇနီး Mrs. Phong UMA Didyasarin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် (၇) ဦး မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာ
နေပြည်တော်
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ လ ၈ ရက်
ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Chaiyapruk Didyasarin ၏ ဇနီး Mrs. Phong UMA Didyasarin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် (၇) ဦးသည် ၈.၁.၂၀၁၉ ရက်နေ့တွင် မြိတ်လေတပ်စခန်း ဌာနချုပ်မှူး၏ဇနီး ဒေါ်မြင့်မြတ်မြတ်စိုးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာခဲ့ကြပါသည်။
ဧည့်သည်တော်အဖွဲ့အား ပြခန်းမဆောင်အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ငွေထည်နှင့် သယံဇာတပစ္စည်းများ ပြကွက်တို့ကို မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) မှ ဒုတိယအထွေထွေမန်နေဂျာ ဦးသက်ဇော်ဦးနှင့် တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြပါသည်။ ထို့နောက် ဧည့်သည်တော်အဖွဲ့ဝင်များသည် ရတနာဈေး၊ ရေတံခွန်ပြကွက်နှင့် ဆင်ရေးပန်းတို့ကို ကြည့်ရှုလေ့လာ ခဲ့ကြပါသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm