Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
၂၀၁၉ ခုနှစ်၊ (၅၆) ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပပြုလုပ်မည့် မဏိရတနာကျောက်စိမ်းခန်းမဝင်းအတွင်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး
နေပြည်တော်
၂၀၁၉ ခုနှစ်၊ မတ်လ ၉ ရက်
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီနာယက၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် နေပြည်တော်၊ မဏိရတနာကျောက်စိမ်း ခန်းမ၌ ကျင်းပပြုလုပ်မည့် ၂၀၁၉ခုနှစ်၊ (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး မဏိရတနာကျောက်စိမ်း ခန်းမဝင်းအတွင်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ၉.၃.၂၀၁၉ ရက်နေ့ (၁၁:၃၀) နာရီတွင် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ရတနာပြပွဲ ကျင်းပပြုလုပ်မည့် မဏိရတနာကျောက်စိမ်းခန်းမဝန်းအတွင်း ကျောက်မျက်ရတနာများ ခင်းကျင်းပြသရောင်းချရန် စီစဉ်ထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ခန်းမဧည့်ခန်းမဆောင်၌ ပြပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ပြပွဲဗဟိုကော်မတီဝင်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (သတ္တုရေးရာ) ဦးမင်းမင်းဦး၊ ပြပွဲဗဟို ကော်မတီအတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် ပြပွဲဗဟိုကော်မတီဝင်များ၊ လုပ်ငန်းကော်မတီအသီးသီးနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။
(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် ပုလဲ အတွဲပေါင်း(၂၇၄)တွဲ၊ ကျောက်မျက်အတွဲပေါင်း(၅၀၀)တွဲ၊ ကျောက်စိမ်းအတွဲပေါင်း (၆၉၇၄) တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ပါသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm