Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
(၅၆)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမမြောက်နေ့ကျင်းပနေမှုကို ကြည့်ရှုအားပေး
နေပြည်တော်
၂၀၁၉ ခုနှစ်၊ မတ် လ ၁၇ ရက်
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့ (၁၅:၃၅) နာရီတွင် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမမြောက်နေ့အဖြစ် ကျင်းပလျက်ရှိသည့် နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမသို့ ရောက်ရှိ၍ ပြပွဲကျင်းပနေမှုကို ကြည့်ရှုအားပေးရာ ပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ပြပွဲဗဟိုကော်မတီဝင် အမြဲတမ်းအတွင်းဝန် (သတ္တုရေးရာ) ဦးမင်းမင်းဦး၊ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး မြန်မာ့ကျောက် မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် ပြပွဲဗဟို ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီအသီးသီးနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း ပြသခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ကျောက်စိမ်းအတွဲများ ခင်းကျင်း ပြသထားရှိမှုနှင့် ရတနာဆိုင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။
ယနေ့တွင် ပြည်တွင်းရတနာကုန်သည် (၁၀၅၉) ဦး၊ ပြည်ပရတနာကုန်သည် (၂၅၇၄) ဦး၊ စုစုပေါင်းရတနာကုန်သည် (၃၆၃၃) ဦး တက်ရောက်ခဲ့ကြပြီး ကျောက်စိမ်းတွဲအမှတ် (၂၄၀၁) မှ (၃၆၀၀) ထိ ကျောက်စိမ်းအတွဲပေါင်း (၁၂၀၀) ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း (၇၈၃) တွဲကို တန်ဖိုးယူရို (၁၀၁.၄၇၂) သန်းဖြင့် ရောင်းချခဲ့ရပါသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm