Tel: 067409019 | Mail: messenger@e-mining.gov.mm



၂၀၁၉ ခုနှစ်၊ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဆက်လက်ကျင်းပပြုလုပ်
ရတနာပြပွဲ အကြိမ်(၂၀)နှင့်အထက် တက်ရောက်ခဲ့ကြသော ပြည်ပရတနာကုန်သည်များကို ဂုဏ်ပြုမှတ်တမ်းပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်
၂၀၁၉ ခုနှစ်၊ မတ် လ ၁၈ ရက်

  ၂၀၁၉ ခုနှစ်၊ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမမြောက်နေ့ကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့ (၁၁:၀၀) တွင် မြန်မာ့ ကျောက်မျက်ရတနာပြပွဲများသို့ အကြိမ် (၂၀)နှင့်အထက် ဆက်တိုက်တက်ရောက်ခဲ့ကြသော ပြည်ပ ရတနာကုန်သည်များကို ဂုဏ်ပြုမှတ်တမ်းပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ (၄၀)ကြိမ်မြောက် တက်ရောက်လာသူ (၁)ဦး နှင့် (၃၅) ကြိမ်မြောက် တက်ရောက်လာသူ (၃) ဦးတို့အား မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လည်းကောင်း၊ (၃၀)ကြိမ်မြောက်တက်ရောက်လာသူ (၃)ဦးနှင့် (၂၅) ကြိမ်မြောက်တက်ရောက်လာသူ (၄)ဦးတို့အား မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ အတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက လည်းကောင်း၊ (၂၀)ကြိမ်မြောက် တက်ရောက်လာသူ (၇)ဦးကို မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီဝင်၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာက လည်းကောင်း ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်း ရရှိခဲ့ကြသည့် ပြည်ပရတနာကုန်သည်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

  ယနေ့တွင် ပြည်တွင်းရတနာကုန်သည် (၉၁၃) ဦး၊ ပြည်ပရတနာကုန်သည် (၂၃၂၉) ဦး၊ စုစုပေါင်းရတနာကုန်သည် (၃၂၄၂) ဦးတက်ရောက်ခဲ့ကြပြီး ကျောက်စိမ်းတွဲအမှတ် (၃၆၀၁) မှ (၄၈၀၀) ထိ ကျောက်စိမ်းအတွဲပေါင်း (၁၂၀၀) ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း (၉၀၉) တွဲကို တန်ဖိုးယူရို (၄၆.၇၃၅) သန်းဖြင့် ရောင်းချခဲ့ရပါသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်