Tel: 067409019 | Mail: messenger@e-mining.gov.mm



မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေများ ရေးဆွဲနိုင်ရေး
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်
၂၀၁၉ ခုနှစ်၊ မတ် လ ၂၉ ရက်

  ပြည်ထောင်စုလွှတ်တော်က ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄ ဖြင့် ပြဋ္ဌာန်းခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေများ ရေးဆွဲနိုင်ရေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၉.၃.၂၀၁၉ ရက်နေ့ (၁၁:၀၀) နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၉)၊ နေပြည်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် (သတ္တုရေးရာ) ဦးမင်းမင်းဦး၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

  အစည်းအဝေးတွင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေများ ရေးဆွဲနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

  မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေများ ရေးဆွဲနိုင်ရေး ဆောင်ရွက်ထားရှိမှုများအပေါ် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အသေးစိတ်အကြံပြု ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၃:၄၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 



ဓာတ်ပုံ - မြန်မာ့ကျောက်မျက်