Tel: 067409019 | Mail: messenger@e-mining.gov.mm
မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေများ ရေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်
၂၀၁၉ ခုနှစ်၊ မေလ ၂၂ ရက်
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက ရေးဆွဲပြုစုထားရှိသည့် မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေများ (မူကြမ်း) နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း နှင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းတို့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို ၂၂.၅.၂၀၁၉ ရက်နေ့ (၁၃:၀၀) နာရီတွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ (အစည်းအဝေးခန်းမ) ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ဥပဒေဆိုင်ရာ အကြံပေးအဖွဲ့ (သတ္တုရေးရာ) ဥက္ကဋ္ဌ ဦးကိုကိုလွင်၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာများဖြစ်သည့် ဦးမင်းသူ၊ ဦးသန်းဇော်ဦး၊ ဒုတိယအထွေထွေ မန်နေဂျာများဖြစ်သည့် ဦးသက်ခိုင်၊ ဦးနိုင်ဇော်ဦး၊ ဦးလှအောင်နှင့် လက်ထောက်အထွေထွေမန်နေဂျာ ဦးသိန်းစိုး၊ မြန်မာ နိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မြို့နယ်အသင်းခွဲများ) မှ တာဝန်ရှိသူများ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦးနှင့် ဒုတိယအထွေထွေမန်နေဂျာ ဦးသက်ခိုင်တို့က မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေများ (မူကြမ်း) ပါအချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များက မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေများ (မူကြမ်း) အပေါ် အသေးစိတ်အကြံပြု ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၁၅:၄၅) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm