Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
ကျောက်မျက်ရတနာလုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး၊
 စစ်ဆေးရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းကော်မတီ
ကျောက်မျက်ရတနာသတ်မှတ်လုပ်ကွက်နှင့် ဖော်ထုတ်လုပ်ကွက်များအတွက် အဆိုပြုလွှာများ တင်သွင်းရန်
ကြေညာချက်(၄/၂၀၁၃)
နေပြည်တော်၊ ၁၃၇၄-ခုနှစ် ၊ ကဆုန်လဆန်း ( ၁၂ )ရက်
(၂၀၁၃- ခုနှစ်၊ မေလ ၂၁ ရက်)

၁။  ကျောက်မျက်ရတနာနယ်မြေများတွင် နိုင်ငံသားပုဂ္ဂလိက၊ ကုမ္ပဏီ၊ သမဝါယမ အသင်းများက  မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်များရယူ၍ ကျောက်စိမ်း၊ ကျောက်မျက် တူးဖော် ထုတ်လုပ်နေသည့် ကျောက်စိမ်း/ ကျောက်မျက် လုပ်ကွက်များမှ ၂၀၁၃ ခုနှစ် အေပြီ၊ မေ၊ ဇွန်လများတွင် သက်တမ်းကုန်ဆုံးမည့် သတ်မှတ် လုပ်ကွက်များနှင့် ဖော်ထုတ် လုပ်ကွက်များကို မြန်မာ့ ကျောက်မျက် ရတနာဥပဒေ (ပုဒ်မ-၁၂)၊ (ပုဒ်မ-၁၃)၊ (ပုဒ်မ-၁၅)တို့နှင့်အညီ ဈေးပြိုင်စနစ်ဖြင့် ခွင့်ပြုမိန့်များ ထုတ်ပေးရေး ဆောင်ရွက်မည် ဖြစ်ပါသည်။

သေးစိတ်ကြည့်ရှုရန်