Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
သတင်းကြေညာချက်
၁၃၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁၀)ရက်
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်
၁။ မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီသည် တန်ဖိုးနည်း ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာကျပ်ငွဖြင့် ရောင်းချပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့မှ (၁၀)ရက်နေ့ထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ မြန်မာ့ ကျောက်မျက် ရတနာဥပဒေနှင့် အညီ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက် ရတနာများ တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များနှင့် မြန်မာ့ကျောက်မျက် ရတနာဥပဒေနှင့်အညီ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာ အချောထည် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံသားများကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချပွဲသို့ တက်ရောက် ဝယ်ယူခွင့်ပြုမည် ဖြစ်ပါသည်။
၂။ ရောင်းချပွဲသို့ တက်ရောက် ဝယ်ယူလိုသော မြန်မာ နိုင်ငံသား ရတနာ ကုန်သည်များသည် သတ်မှတ် ထားသည့် အာမခံ စပေါ်ငွေနှင့် ဝင်ကြေးငွေများ ပေးသွင်းရမည် ဖြစ်ပါသည်။
၃။ တန်ဖိုးနည်း ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲသို့ တက်ရောက် ဝယ်ယူလိုသူများသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့မှ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့ထိ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (နေပြည်တော်)တွင် ဖွင့်လှစ်ထားရှိသည့် စီမံရေးရာလုပ်ငန်းကော်မတီ ရုံးအဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက် နိုင်ပါသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm