Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း
ကြေညာချက် (၁/၂၀၁၄)

နေပြည်တော်၊ ၁၃၇၅-ခုနှစ်၊ တပေါင်းလပြည့်ကျော် ( ၅ )ရက်
(၂၀၁၄-ခုနှစ်၊ မတ်လ  ၂၀  ရက်)

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသို့ ပေးသွင်းထားသော
အာမခံစပေါ်ငွေများ စာရင်းရှင်းလင်းပြန်လည်ထုတ်ယူရန်ကိစ္စ

    အောက်ဖော်ပြပါ ကြေညာချက်များအရ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသို့ ပေးသွင်းထားသည့် အာမခံစပေါ်ငွေများနှင့်ပတ်သက်၍ ရရန်၊ ပေးရန်ရှိသည်များကို သက်ဆိုင်ရာ လုပ်ငန်းရှင်များအနေဖြင့် ယနေ့မှစ၍ ၂၀၁၄ ခုနှစ်၊ အေပြီလ(၃၀)ရက်အတွင်း မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း (ရုံးချုပ်)နှင့် ဆက်သွယ်၍ အမြန်ဆုံး စာရင်းရှင်းလင်း ဆောင်ရွက်ကြရန်နှင့် အကယ်၍ လုပ်ငန်းရှင်များအနေဖြင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (ရုံးချုပ်) နှင့်ဆက်သွယ်၍ သတ်မှတ်ရက် အတွင်း စာရင်းရှင်းလင်းခြင်း မပြုပါက မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းသို့ ပေးသွင်းထားသော အာမခံ စပေါ်ငွေများကို နိုင်ငံတော်ဘဏ္ဍာငွေစာရင်းသို့ ပေးသွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထပ်မံအသိပေး ကြေညာအပ်ပါသည်။


     (၁)  ၂၀၀၅ ခုနှစ်       ကြေညာချက်      ၂/၂၀၀၅၊ ၃/၂၀၀၅၊ ၄/၂၀၀၅၊ ၅/၂၀၀၅၊ ၆/၂၀၀၅
     (၂)  ၂၀၀၆ ခုနှစ်       ကြေညာချက်       ၁/၂၀၀၆၊ ၂/၂၀၀၆၊ ၄/၂၀၀၆၊ ၅/၂၀၀၆
     (၃)  ၂၀၀၇ ခုနှစ်       ကြေညာချက်      ၁/၂၀၀၇၊ ၂/၂၀၀၇၊၃/၂၀၀၇၊ ၄/၂၀၀၇၊ ၅/၂၀၀၇၊ ၆/၂၀၀၇
     (၄)  ၂၀၀၈ ခုနှစ်       ကြေညာချက်       ၁/၂၀၀၈၊ ၂/၂၀၀၈၊ ၃/၂၀၀၈၊ ၄/၂၀၀၈၊  ၅/၂၀၀၈၊၆/၂၀၀၈
     (၅)  ၂၀၀၉ ခုနှစ်       ကြေညာချက်     ၁/၂၀၀၉၊ ၂/၂၀၀၉၊ ၃/၂၀၀၉၊ ၄/၂၀၀၉၊ ၅/၂၀၀၉၊ ၆/၂၀၀၉
     (၆)  ၂၀၁၀ ပြည့်နှစ်   ကြေညာချက်     ၁/၂၀၁၀၊ ၂/၂၀၁၀

 မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း