Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
သတင်းကြေညာချက်
၁၃၇၆ ခုနှစ်၊ နယုန်လဆန်း ( ၂ )ရက်
၂၀၁၄ ခုနှစ်၊ မေလ (၃၀)ရက်

၁။  သတ္တုတွင်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီသည် ၂၀၁၄ ခုနှစ်၊ (၅၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမနှင့်  မြန်မာ့ကျောက်မျက် ရတနာပြတိုက်တို့တွင် ၂၀၁၄ ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့မှ ဇူလိုင်လ(၆)ရက် နေ့ထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။


၂။   မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များက တင်ပြ ရောင်းချလိုသည့် ကျောက်မျက် ရတနာများကို ၂၀၁၄ ခုနှစ်၊ မေလ(၁၉)ရက်နေ့မှ ဇွန်လ(၁၁) ရက်နေ့ထိ စစ်ဆေးလက်ခံခြင်း၊ အခြေခံရောင်းဈေး ညှိနှိုင်း သတ်မှတ်ခြင်း၊ ရောင်းချပွဲ ကျင်းပမည့်နေရာသို့ ပြောင်း ရွှေ့ခင်းကျင်းခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။


၃။   ကျောက်မျက်ရတနာ ပြပွဲသို့ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက် ရတနာများ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက် ရတနာ အချောထည်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ သက်တမ်းရှိ ဂျီတီစီ GTC) လိုင်စင် ရယူထားသူများနှင့် ကျောက်မျက်ရတနာ ကုမ္ပဏီမှတ်ပုံတင် ရရှိပြီးသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်အသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များနှင့်အညီ ရတနာပြပွဲသို့ တက်ရောက်ခွင့် ပြုမည်ဖြစ်ပြီး မြန်မာ့ကျောက်မျက် ရတနာဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင်ရယူထားသူများကို ဝယ်ယူခွင့်ပြုမည် ဖြစ်ပါသည်။ ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက် ဝယ်ယူလိုသော နိုင်ငံသား ရတနာကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံစပေါ်ငွေနှင့် ဝင်ကြေးငွေများ ပေးသွင်းရမည် ဖြစ်ပါသည်။


၄။  ၂၀၁၄ ခုနှစ်၊ ဇွန်လ(၂)ရက် နေ့မှ (၁၃)ရက်နေ့ထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းရုံးများတွင် ဖွင့်လှစ်ထားသော စီမံရေးရာလုပ်ငန်း ကော်မတီရုံးခွဲများတွင် ရတနာပြပွဲသို့ တက်ရောက် ဝယ်ယူလိုသော ပြည်တွင်း ရတနာ ကုန်သည်များကို လည်းကောင်း၊ ဇွန်လ(၁၆) ရက်နေ့မှ (၂၅) ရက်နေ့ထိ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း ရုံးချုပ် (နေပြည်တော်)တွင် ဖွင့်လှစ်ထားသော စီမံရေးရာလုပ်ငန်းကော်မတီရုံးတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို လည်းကောင်း ပြပွဲတက်ရောက် ဝယ်ယူခွင့် ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ သတ္တုတွင်းဝန်ကြီးဌာန  Website www.mining.gov.mm နှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း Website  www.mge.gov.mm တွင် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များ မှတ်ပုံတင်ရာ၌ ဖြည့်သွင်းရမည့် ပုံစံများကို Download ရယူနိုင်ပါသည်။ On-line မှတစ်ဆင့် လျှောက်ထားလိုပါက Website  www.mge.gov.mm ၊ On-line Pre-Registration System တွင် ကြိုတင်မှတ်ပုံတင်၍ ပြပွဲတက်ရောက်ခွင့် ကိစ္စရပ်များ ဆောင်ရွက်နိုင်ပါသည်။


၅။  ၂၀၁၄ ခုနှစ်၊ (၅၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတ်ရောက်ဝယ်ယူခွင့်ကိစ္စများ နှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ဖွင့်လှစ်ထားရှိသော စီမံရေးရာလုပ်ငန်းကော်မတီရုံးနှင့် ရုံးခွဲများတွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးကြေညာ အပ်ပါသည်။


မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ


နိုင်ငံခြားသားရတနာကုန်သည်ဝင်ခွင့်ပုံစံရယူရန်


ပြည်တွင်းရတနာကုန်သည်ဝင်ခွင့်ပုံစံရယူရန်