Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
ကျောက်မျက်ရတနာလုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး၊
စစ်ဆေးရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းကော်မတီ
ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများ ပြန်လည်စတင်တူးဖော်ခွင့်ပြုမည်ဖြစ်ကြောင်း
အသိပေးကြေညာခြင်း
ကြေညာချက်(၄/၂၀၁၄)
၁၃၇၆-ခုနှစ် ဝါဆိုလဆန်း(  ၁၁   )ရက်
(၂၀၁၄ ခုနှစ်၊ ဇူလိုင်လ   ၇   ရက်)

၁။  ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေများအရ လုံးခင်း၊ ဖားကန့် ရတနာမြေ၊ မော်လူး- မော်ဟန် ရတနာမြေနှင့် ခန္တီး ရတနာမြေတို့အတွင်း ကျောက်စိမ်း တူးဖော်မှု လုပ်ငန်းများကို (၃၁.၅.၂၀၁၂) ရက်နေ့မှ စတင်၍ ယာယီရပ်နား ခဲ့ပါသည်။
၂။  ယခုအခါတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီနှင့် ကေအိုင်အို၊ ကေအိုင်အေအဖွဲ့တို့ နှစ်ဦးနှစ်ဘက် ညှိနှိုင်း ဆောင်ရွက်မှုကြောင့် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီး ပဋိပက္ခများ ဖြေရှင်း နိုင်ခဲ့ပါသည်။ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် ဆွေးနွေး ညှိနှိုင်းလျက်ရှိပြီး ကချင်ပြည်နယ်တွင် အေးချမ်း တည်ငြိမ်မှုများ ရရှိလျက် ရှိပါသည်။
 ၃။  ထို့အတွက် တိုင်းရင်းသား ဒေသခံပြည်သူများ၏ လူမှုဘဝ အခြေအနေများ မြင့်မား တိုးတက်စေရန် ရည်ရွယ်၍ ကျောက်စိမ်း တူးဖော်မှု လုပ်ငန်းများကို (၁.၉.၂၀၁၄) ရက်နေ့မှ စတင်၍ ပြန်လည် တူးဖော်ခွင့်ပြုမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ကျောက်မျက်ရတနာလုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး၊
စစ်ဆေးရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းကော်မတီ