Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
ကျောက်မျက်ရတနာလုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး၊
စစ်ဆေးရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းကော်မတီ
ကျောက်စိမ်းလုပ်ကွက်များ ရပ်နားထားသည့်သက်တမ်းကာလအတွက်
ထပ်မံသက်တမ်းတိုးပေးမည်ဖြစ်ကြောင်း
အသိပေးကြေညာခြင်း
ကြေညာချက် (၅/၂၀၁၄)
၁၃၇၆-ခုနှစ်၊ ဝါဆိုလပြည့်ကျော် ( ၄ )ရက်
(၂၀၁၄-ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်)
၁။ ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများအရ လုံးခင်း၊ ဖားကန့် ရတနာနယ်မြေ၊ မော်လူး၊ မော်ဟန် ရတနာ နယ်မြေနှင့် ခန္တီး ရတနာ နယ်မြေတို့တွင် ကျောက်စိမ်း တူးဖော်မှု လုပ်ငန်းများကို (၃၁.၅.၂၀၁၂) ရက်နေ့မှစတင်၍ ယာယီ ရပ်နား ခဲ့ပါသည်။
၂။ ကျောက်စိမ်း တူးဖော်မှု လုပ်ငန်းများကို (၁.၉.၂၀၁၄)ရက်နေ့မှ စတင်၍ ပြန်လည် တူးဖော်ခွင့်ပြုမည် ဖြစ်ကြောင်း (၇.၇.၂၀၁၄) ရက်စွဲပါ ကြေညာချက်အမှတ် (၄/၂၀၁၄)ဖြင့် မြန်မာ့အလင်း၊ ကြေးမုံနှင့် မြဝတီ သတင်းစာများတွင် ထည့်သွင်း၍ အသိပေး ကြေညာခဲ့ပြီး ဖြစ်ပါသည်။
၃။ အထက်ပါ ရတနာ နယ်မြေများအတွင်း ကျောက်စိမ်း တူးဖော်ခွင့်ပြုမိန့် ရရှိထားသည့် လုပ်ကွက်များ အတွက် ရပ်နားထားသည့် သက်တမ်း ကာလများအလိုက် သက်တမ်းတိုး ပေးမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တူးဖော်ခွင့်ပြုမိန့် ရရှိထားသော လုပ်ကွက်များကို သက်တမ်းတိုး ပေးနိုင်ရေးအတွက် ကျောက်စိမ်း တူးဖော် လုပ်ကိုင်ခွင့် ရရှိသော ကုမ္ပဏီများသည် ခွင့်ပြုမိန့် ကတ်များနှင့်အတူ မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း (ရုံးချုပ်)သို့ (၂၁.၇.၂၀၁၄)ရက်နေ့မှစတင်၍ လာရောက် ဆက်သွယ် သက်တမ်းတိုး နိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
ကျောက်မျက်ရတနာလုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး
စစ်ဆေးရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းကော်မတီ
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm