Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်ဝန်ကြီးဌာန
ကျောက်မျက်ရတနာလုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေလုပ်ငန်းကော်မတီ
ဖော်ထုတ်လုပ်ကွက်(အသစ်)များနှင့်ပတ်သက်သည့်
ကြေညာချက်(၂/၂၀၁၃)
နေပြည်တော်၊ ၁၃၇၄-ခုနှစ် ပြာသိုလဆန်း(၁၄)ရက်
(၂၀၁၃ ခုနှစ် ၊ ဇန်နဝါရီလ ၂၅ ရက်)
၁။ (၈.၁.၂၀၁၃) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ၁/၂၀၁၃ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ မိုင်းရှူး ရတနာနယ်မြေ၊ နန့်ယားဆိပ် ရတနာ နယ်မြေတို့တွင် ဖော်ထုပ် လုပ်ကွက်(အသစ်)များ လုပ်ကိုင်ခွင့် လျှောက်ထားမှုကို ဆက်လက် လက်ခံ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၂။ မိုးညှင်း ရတနာနယ်မြေ၊ ခန္တီး ရတနာ နယ်မြေတို့တွင် ဖော်ထုတ် လုပ်ကွက်(အသစ်)များ လုပ်ကိုင်ခွင့် လျှောက်ထားမှုကို လက်ခံ ဆောင်ရွက်ခြင်းအား (၂၉.၁.၂၀၁၃) ရက်နေ့မှ စတင်၍ ရပ်နားထားမည် ဖြစ်ကြောင်းနှင့် ဖော်ထုတ် လုပ်ကွက် (အသစ်)များ လုပ်ကိုင်ရန် အဆိုပြုလွှာများ တင်ပြ လျှောက်ထားမှုအား ပြန်လည် လက်ခံ ဆောင်ရွက်ပေးမည့် နေ့ရက်ကို ထပ်မံ ကြေညာသွားမည် ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
ကျောက်မျက်ရတနာလုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးရေး၊
စစ်ဆေးရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းကော်မတီ
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm