Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
သတင်းကြေညာချက်
၁၃၇၆ ခုနှစ်၊ တော်သလင်းလဆန်း (၄)ရက်
၂၀၁၄ ခုနှစ်၊ ဩဂုတ်လ (၂၈)ရက်

၁။  သတ္တုတွင်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီသည် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည် တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်နေ့မှ (၁၈) ရက်နေ့ထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။
၂။ ရောင်းချပွဲတွင် တင်ပြ ရောင်းချမည့် ကျောက်မျက် ရတနာများ စစ်ဆေး လက်ခံခြင်း၊ အခြေခံ ရောင်းဈေး ညှိနှိုင်း သတ်မှတ်ခြင်း၊ ခင်းကျင်း နေရာ ချထားခြင်းများကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့မှ အောက်တိုဘာလ(၇)ရက်နေ့ထိ သက်ဆိုင်ရာ လုပ်ငန်းရှင်များနှင့် ညှိနှိုင်း ဆောင်ရွက် ပေးမည် ဖြစ်ပါသည်။
၃။  ကျောက်မျက် ရတနာ ရောင်းချပွဲသို့ ခွင့်ပြုမိန့် ရယူ၍ ကျောက်မျက် ရတနာများ တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက် ရတနာ အချောထည် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ၊ သက်တမ်းရှိ ဂျီတီစီ (GTC) လိုင်စင်ရယူ ထားသူများနှင့် ကျောက်မျက် ရတနာကုမ္ပဏီ မှတ်ပုံတင် ရရှိပြီးသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင် အသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက် များနှင့်အညီ ရတနာပြပွဲသို့ တက်ရောက် ခွင့်ပြုမည် ဖြစ်ပါသည်။
၄။  မြန်မာ့ ကျောက်မျက် ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင် ရယူထားသူ များကို ဝယ်ယူခွင့်ပြုမည် ဖြစ်ပါသည်။ ကျောက်မျက် ရတနာ ရောင်းချပွဲသို့ တက်ရောက် ဝယ်ယူလိုသော နိုင်ငံသား ရတနာ ကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံ စပေါ်ငွေနှင့် ဝင်ကြေးငွေများ ပေးသွင်းရမည် ဖြစ်ပါသည်။
၅။  ရောင်းချပွဲသို့ တက်ရောက်လိုသော နိုင်ငံသား ရတနာ ကုန်သည်များ သည် ၂၀၁၄ ခုနှစ်၊ စက်တင် ဘာလ (၂၂) ရက်နေ့မှ အောက်တိုဘာလ(၃) ရက်နေ့ထိ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း (မန္တလေးမြို့)တွင် ဖွင့်လှစ်ထားသော စီမံရေးရာ လုပ်ငန်းကော်မတီ ရုံးခွဲတွင်လည်းကောင်း၊ အောက်တိုဘာလ(၆)ရက်နေ့မှ (၁၃)ရက်နေ့ထိ မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ရုံးချုပ် (နေပြည်တော်)တွင် ဖွင့်လှစ်ထားသော စီမံရေးရာ လုပ်ငန်း ကော်မတီ ရုံးတွင်လည်းကောင်း ရောင်းချပွဲ တက်ရောက် ဝယ်ယူခွင့်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ သတ္တုတွင်းဝန်ကြီးဌာန  Website 
www.mining.gov.mm  နှင့် မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း Website  www.mge.gov.mm တွင် နိုင်ငံသား ရတနာကုန်သည်များ မှတ်ပုံတင်ရာ၌ ဖြည့်သွင်းရမည့် ပုံစံများကို Download ရယူနိုင်ပါသည်။ On-line မှတစ်ဆင့် လျှောက် ထားလိုပါက Website  www.mge.gov.mmOn-line Pre-Registration System တွင် မှတ်ပုံတင်၍ ရောင်းချပွဲ တက်ရောက်ခွင့် ကိစ္စရပ်များ ဆောင်ရွက် နိုင်ပါသည်။
၆။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာ ကျပ်ငွေဖြင့် ရောင်းချပွဲ တတ်ရောက် ဝယ်ယူခွင့် ကိစ္စများနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီ၊ မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းရုံးချုပ် (နေပြည်တော်)၊ မြန်မာ့ ကျောက်မျက် ရတနာပြတိုက် (ရန်ကုန်)၊ ကျောက်စိမ်း တူးဖော်ရေးဌာန (လုံးခင်း)၊ ကျောက်မျက် တူးဖော်ရေးဌာန (မန္တလေး၊ မိုးကုတ်၊ မိုင်းရှူး)နှင့် မြစ်ကြီးနားမြို့၊ ခန္တီးမြို့၊ မိုးညှင်းမြို့များတွင် အခြေပြုသည့် ကျောက်စိမ်း တူးဖော်ရေးဌာန (စခန်းရုံး) များတွင် ဆက်သွယ် စုံစမ်းနိုင်ကြောင်း အသိပေး ကြေညာ အပ်ပါသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ

ပြပွဲဝင်ခွင့်ပုံစံရယူရန်