Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
ကျောက်မျက်ရတနာလုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး၊
စစ်ဆေးရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းကော်မတီ
ကျောက်မျက်ရတနာသတ်မှတ်လုပ်ကွက်နှင့်ဖော်ထုတ်လုပ်ကွက်များအတွက်အဆိုပြုလွှာများတင်သွင်းရန်
ကြေညာချက် (၇/၂၀၁၄)
နေပြည်တော်၊ ၁၃၇၆-ခုနှစ်၊ သီတင်းကျွတ်လဆန်း ( ၆ )ရက်
(၂၀၁၄-ခုနှစ်၊ စက်တင်ဘာလ  ၂၉  ရက်)

၁။  မိုးကုတ် မိုးကုတ် ရတနာနယ်မြေနှင့် မိုင်းရှူး ရတနာနယ်မြေများတွင် နိုင်ငံသားပုဂ္ဂလိက၊ ကုမ္ပဏီ၊ သမဝါယမ အသင်းများက မြန်မာ့ကျောက်မျက် ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်များရယူ၍ ကျောက်မျက် တူးဖော် ထုတ်လုပ်နေသည့် ကျောက်မျက် လုပ်ကွက်များမှ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ မတ်လ များအတွင်း သက်တမ်းကုန်ဆုံးမည့် သတ်မှတ် လုပ်ကွက်များနှင့်ဖော်ထုတ် လုပ်ကွက်များကို မြန်မာ့ ကျောက်မျက် ရတနာဥပဒေ (ပုဒ်မ-၁၂)၊ (ပုဒ်မ-၁၃)၊ (ပုဒ်မ-၁၅)တို့နှင့်အညီ စျေးပြိုင်စနစ်ဖြင့် ခွင့်ပြုမိန့် များထုတ်ပေးရေး ဆောင်ရွက်မည် ဖြစ်ပါသည်။
၂။   လုံးခင်း၊ ဖားကန့်၊ ခန္တီး၊ မိုးညှင်း ရတနာနယ်မြေများနှင့် နန့်ယားဆိပ်ဒေသတို့တွင် လုပ်ကိုင်ခွင့် ပြုခဲ့သည့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် သက်တမ်းကုန်သည့် လုပ်ကွက် များနှင့် လုံးခင်း၊ဖားကန့်ရတနာနယ်မြေ သတ်မှတ်လုပ်ကွက်(အသစ်)များကို ကြေညာချက် ၅/၂၀၁၂ ဖြင့် စျေးပြိုင်အဆိုပြုလွှာ ခေါ်ယူခဲ့သော်လည်း (၃၁.၅.၂၀၁၂)ရက်နေ့မှစ၍ တူးဖော်မှုရပ်နားထားခဲ့ရသည့်အတွက် ၎င်းအဆိုပြုလွှာများကို ဖွင့်ဖောက်ခြင်း မပြုခဲ့ပါ။ ၎င်းလုပ်ကွက်များကို ရပ်နားကာလအလိုက် သက်တမ်းတိုးပေးပါက ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ၊ မတ်လများတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပါသည်။ ကြေညာချက် ၅/၂၀၁၂ တွင် တင်သွင်းခဲ့သော အဆိုပြုလွှာများကိုပယ်ဖျက်၍ ၎င်းကြေညာ ချက်ဖြင့် စျေးပြိုင်ခေါ်ယူခဲ့သည့် လုံးခင်း၊ ဖားကန့်၊ ခန္တီး၊ မိုးညှင်း ရတနာနယ်မြေများနှင့် နန့်ယားဆိပ် ဒေသတို့ရှိ သတ်မှတ်နှင့် ဖော်ထုတ် လုပ်ကွက်များ၊ လုံးခင်း၊ဖားကန့်ရတနာနယ်မြေ သတ်မှတ်လုပ်ကွက် (အသစ်)များကို မြန်မာ့ကျောက်မျက် ရတနာဥပဒေ(ပုဒ်မ-၁၂)၊ (ပုဒ်မ-၁၃)၊ (ပုဒ်မ-၁၅)တို့နှင့်အညီ ထပ်မံ ကြေညာခေါ်ယူ၍ စျေးပြိုင်စနစ်ဖြင့် ခွင့်ပြုမိန့်များ ထုတ်ပေးရေး ဆောင်ရွက်မည် ဖြစ်ပါသည်။

အသေးစိတ်ကြည့်ရှုရန်