Tel: 067409019 | Mail: messenger@e-mining.gov.mm



မြန်မာ့ကျောက်မျက်ရတနာရောင်း၀ယ်ရေးလုပ်ငန်း

မြန်မာ့ကျောက်စိမ်းအရည်ကျောက်ရိုင်း
အလေးချိန် - ၄.၇၀ ကီလိုဂရမ်
ဒေသ - ခန္တီး၊ စစ်ကိုင်းတိုင်း

မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင်
ရတနာကုန်သည်များ ကျောက်စိမ်းတွဲများကို
ကြည့်ရှုနေကြစဉ်

မြန်မာနိုင်ငံသည် ကျောက်မျက် ရတနာမျိုးစုံ ပေါများစွာထွက်ရှိသော နိုင်ငံဖြစ်ပါသည်။ ကမ္ဘာကျော် ကျောက်စိမ်းများကို လုံးခင်း၊ ဖားကန့် ရတနာမြေတွင်လည်းကောင်း၊ ကမ္ဘာကျော် ပတ္တမြားများကို မိုးကုတ်ရတနာမြေနှင့် မိုင်းရှူး ရတနာမြေတွင်လည်းကောင်း၊ နီလာနှင့်အခြား ရောင်စုံကျောက်မျက်များကို မိုးကုတ် ရတနာမြေတွင်လည်းကောင်း စီးပွားဖြစ် တူးဖော်ထွက်ရှိ ကြပါသည်။

မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေး လုပ်ငန်းသည် အထက်ဖော်ပြပါ ရတနာမြေ အသီးသီးတွင် တိုင်းရင်းသား လုပ်ငန်းရှင်များ၊ နိုင်ငံတော်နှင့် အကျိုးတူ ဆောင်ရွက်လိုသော နိုင်ငံသားလုပ်ငန်းရှင်များကို လုပ်ကွက် စိစစ်၍ တူးဖော်လုပ်ကိုင်ခွင့်ပြုခြင်း၊ တူးဖော်ရရှိသော ကျောက်မျက် ရတနာများကို နှစ်စဉ်တစ်နှစ်လျှင် (၃)ကြိမ် ရတနာပြပွဲများ ပြုလုပ်ရောင်းချပေး ခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါသည်။

ထို့ပြင် ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည် ထုတ်လုပ်ရောင်းချနိုင်ရေးကိုလည်း ခွင့်ပြု အားပေးသဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး၊ ရန်ကုန်မြို့တွင် စျေးကွက်ရရှိနေပါ သည်။

ထို့ကြောင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများသို့ နိုင်ငံတကာမှ ရတနာကုန်သည်များ၊ ကျောက်မျက် ပညာရှင်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားစွာ တက်ရောက် ဝယ်ယူလျက်ရှိသဖြင့် နိုင်ငံတော်ဝင်ငွေ တိုးတက်ရရှိ နေပါသည်။

သို့ဖြစ်၍ မြန်မာ့ကျောက်မျက် ရတနာများကို စိတ်ဝင်စားပြီး ရတနာပြပွဲများသို့ တက် ရောက်လိုပါက မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့်ဆက်သွယ် ဆောင်ရွက် နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။