Tel: 067409019 | Mail: messenger@e-mining.gov.mm



လုပ်ကိုင်ခွင့်ရရှိသည့်လုပ်ကွက်များအတွက် အဆိုပြုငွေပေးသွင်းနိုင်ရေး လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များ

၁။     ရွေးချယ် ခံရသည့် ကုမ္ပဏီ သို့မဟုတ် အသင်းသည်  အဆိုပြုငွေကို အကြောင်း ကြားစာ ရရှိပြီးသည့် နေ့မှစ၍ တစ်လ အတွင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းသို့ ပေးသွင်း ရမည်။ (မြန်မာ့ ကျောက်မျက် ရတနာ နည်းဥပဒေ ၇)
၂။     သတ်မှတ် ကာလအတွင်း အဆိုပြု ငွေပေးသွင်းရန် ပျက်ကွက်ပါက ကျောက်မျက် ရတနာ နည်းဥပဒေ ၉ အရ အောက်ပါ အတိုင်း အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြဋ္ဌာန်း ထားခဲ့ပါသည်-
    “မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းသည် နည်းဥပဒေ အရ မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းသို့ အဆိုပြု ငွေ ပေးသွင်းရန် ပျက်ကွက်သည့် ကုမ္ပဏီ သို့မဟုတ် အသင်းအား ရွေးချယ်မှုစာရင်းမှ ပယ်ဖျက်ပြီး နာမည်ပျက် စာရင်းတွင် ထည့်သွင်းပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ အကြောင်းကြားရမည်။ ထို့ပြင် အဆိုပြုလွှာ အသစ်ခေါ်ယူသည့်အခါ ထိုကုမ္ပဏီ သို့မဟုတ် အသင်းအား ထည့်သွင်း စဉ်းစားခြင်း မပြုရ။”
၃။      လုပ်ကိုင် ခွင့်ချထား ပေးပြီးမှ ပယ်ဖျက်ခွင့်တင်ပြသည့် ကုမ္ပဏီ များကို (၈.၁.၂၀၁၃)ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ၁/၂၀၁၃ ကြိမ်မြောက် ဦးစီးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ အောက်ပါအတိုင်း ဆောင်ရွက်မည် ဖြစ်ပါသည်-

    (က)  ပယ်ဖျက်ခွင့် တင်ပြသည့် လုပ်ကွက်အတွက် ပေးသွင်းထားသည့် အာမခံ စပေါ်ငွေကို နိုင်ငံတော်ပိုင် အဖြစ်သိမ်းယူရန်။

      (ခ)  ပယ်ဖျက်ခွင့် တင်ပြသည့် လုပ်ကွက် အဆိုပြုငွေ၏ (၂)ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးသွင်းစေရန်။

      (ဂ)  ပထမအကြိမ်ပယ်ဖျက်ခွင့် တင်ပြခြင်းအတွက် လုပ်ကွက်လျှောက် ထားခွင့် (၂)နှစ် ပိတ်ပင် တားမြစ်ရန်။

   (ဃ)  ဒုတိယအကြိမ် ပယ်ဖျက်ခွင့်တင်ပြခြင်းအတွက် လုပ်ကွက် လျှောက်ထားခွင့် (၄)နှစ် ပိတ်ပင် တားမြစ်ရန်။

    (င)   တတိယအကြိမ် ပယ်ဖျက်ခွင့် တင်ပြခြင်းအတွက် ကုမ္ပဏီနှင့် ဒါရိုက်တာ အဖွဲ့ဝင်များ အားလုံး ကို အမည်မည်း စာရင်းသွင်းပြီး လုပ်ကိုင်ခွင့် ရရှိထားသော လုပ်ကွက်များ၊ အကျိုးတူ လုပ်ကွက်များ အားလုံးကို ပိတ်သိမ်းရန်။