Tel: 067409019 | Mail: messenger@e-mining.gov.mm



သတ္တုတွင်းဝန်ကြီးဌာနထံတွင် ကတိခံဝန်ထားချက်အရ တန်ဖိုးငွေနှင့် အမြတ်ငွေများ ပေးသွင်းရန်ကျန်ရှိသည့် ကုမ္ပဏီ(၂)ခုအား တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း
သတိပေးအကြောင်းကြားခြင်း

၁။  သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီက ကြီးမှူးကျင်းပသော ရတနာပြပွဲများတွင် ဝယ်ယူခဲ့သော ကျောက်စိမ်းအတွဲများကို ပြည်ပသို့ တင်ပို့ ရောင်းချခဲ့သော ကုမ္ပဏီများအနက် အောက်ပါ ကုမ္ပဏီ(၂)ခုသည် ကတိဝန်ခံချက်ပါ စည်းကမ်းများအရ တန်ဖိုးငွေနှင့် အမြတ်ငွေများကို သတ် မှတ်ကာလအတွင်း ပြည်တွင်းသို့ ပြန်လည် ပေးသွင်းရန် ပျက်ကွက်ခဲ့ပါသည်-


       (က)     ဂျိမ်းဖောနဂါးကျောက်မျက်ကုမ္ပဏီ
        (ခ)       နိုင်ဗညားကျောက်မျက်ကုမ္ပဏီ


၂။  မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် ကုမ္ပဏီများ၏ ဒါရိုက်တာ အဖွဲ့များသို့ ပေးသွင်းရန် ကျန်ရှိသည့် တန်ဖိုးငွေနှင့် အမြတ်ငွေများကို ၂၆.၃.၂၀၁၅ ရက်နေ့အပြီး ပေးသွင်းရန် အကြောင်းကြားခဲ့သော်လည်း ယနေ့ အချိန်ထိ ပေးသွင်းရန် ပျက်ကွက်ခဲ့ပါသည်။


၃။  အထက်ပါ ကုမ္ပဏီ(၂)ခုသည် ကတိဝန်ခံချက်အရ ပြည်တွင်းသို့ ပြန်လည်ပေးသွင်းရန် ကျန်ရှိသည့် တန်ဖိုးငွေနှင့် အမြတ်ငွေများကို ၃၀.၄.၂၀၁၅ ရက်နေ့အပြီး ပေးသွင်းရန်နှင့် ပေးသွင်းခြင်း မရှိပါက မြန်မာ့ ကျောက်မျက်ရတနာဥပဒေအရ တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေလုပ်ငန်း