Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
ကျောက်မျက်ရတနာလုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး၊
စစ်ဆေးရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းကော်မတီ
မိုးကုတ်ရတနာနယ်မြေ တစ်ပိုင်တစ်နိုင် ဖော်ထုတ်လုပ်ကွက် သက်တမ်းတိုးလျှောက်လွှာများ တင်သွင်းရန်
ကြေညာချက် ( ၄/၂၀၁၅ )
၁၃၇၇-ခုနှစ်၊ ကဆုန်လဆန်း ( ၁၃ )ရက်
(၂၀၁၅ ခုနှစ်၊ ဧပြီလ  ၃၀  ရက်)

၁။  သတ္တုတွင်းဝန်ကြီးဌာန၊ ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းကော်မတီသည် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်ရတနာနယ်မြေတွင် ကျောက်မျက် ရတနာများ တိုးမြှင့်ထုတ်လုပ်ရေး၊ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် နိုင်ငံသားပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် မြန်မာ့ကျောက်မျက် ရတနာဥပဒေနှင့်အညီ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်ရန်အတွက် ဖော်ထုတ်လုပ်ကွက် (အသစ်)များကို ကြေညာချက်(၆/၂၀၁၁)ဖြင့် ကြေညာခေါ်ယူပြီး လုပ်ကိုင်ခွင့် ချထား ပေးခဲ့ပါသည်။
၂။  လုပ်ကိုင်ခွင့် ချထားပေးခဲ့သော တစ်ပိုင်တစ်နိုင် ဖော်ထုတ် လုပ်ကွက်များ အနက်မှ ၂၀၁၅ခုနှစ်၊ ဇွန်၊ ဇူလိုင်၊ သြဂုတ် လများတွင် သက်တမ်းကုန်ဆုံးမည့် သက်တမ်းကုန် လုပ်ကွက်များ အတွက် သက်တမ်းတိုး လျှောက်ထားခြင်းနှင့် မြန်မာ့ ကျောက်မျက် ရတနာဥပဒေ(ပုဒ်မ-၁၅)နှင့်အညီ ခွင့်ပြုမိန့်ကတ် ပြန်လည် ထုတ်ပေးခြင်းတို့ကို ကျောက်မျက်တူးဖော်ရေးဌာန (မိုးကုတ်)တွင် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
၃။ ၂၀၁၅ ခုနှစ်၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် သက်တမ်းကုန်ဆုံးမည့် သက်တမ်းကုန် တစ်ပိုင်တစ်နိုင် ဖော်ထုတ် လုပ်ကွက်များကို သက်တမ်းတိုးလျှောက်ထားနိုင်ရန်အတွက် သက်တမ်းတိုး လျှောက်လွှာများ ထုတ်ယူခြင်းနှင့် လျှောက်လွှာများ ပြန်လည် တင်သွင်းခြင်းများကို ကျောက်မျက်တူးဖော်ရေးဌာန(မိုးကုတ်)တွင် အောက်ပါအတိုင်း ဆောင်ရွက်ရန် ဖြစ်ပါသည်-

အသေးစိတ်ကြည့်ရှုရန်