Tel: 067409019 | Mail: messenger@e-mining.gov.mm



ရည်မှန်းချက်များ

(က)  မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်မျက် ရတနာများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်း ကျောက်မျက် ရတနာနှင့် လက်ဝတ်ရတနာစျေးကွက် ရာနှုန်းပြည့် ဖြစ်ထွန်းပြီး ဖွံ့ဖြိုးတိုးတက်လာစေရန်။
(ခ)  စျေးကွက်စီးပွားရေးစနစ်နှင့်အညီ ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ် ဖောက်ကားခြင်း လုပ်ငန်းများကို နိုင်ငံသားကုမ္ပဏီနှင့် သမဝါယမအသင်းများအား လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုရန်။
(ဂ)  ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာများကို အချိန်အခါမရွေး လွတ်လပ်စွာရောင်းဝယ် ဖောက်ကား နိုင်ရေးအတွက် ကျောက်မျက် ရတနာစျေးများ ဖွင့်လှစ်ထားရှိရန်။
(ဃ)  ကျောက်မျက်ရတနာအရိုင်းများကို ဆင့်တက်ပြုပြင်၍ တန်ဖိုးမြင့်ထုတ်ကုန် အချောထည်နှင့် လက်ဝတ် ရတနာများ ထုတ်လုပ်ပြီး အချောထည်စျေးကွက် ပိုမိုဖြစ်ထွန်း တိုးတက်စေရေး ဆောင်ရွက်ရန်။