Tel: 067409019 | Mail: messenger@e-mining.gov.mm
မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေနှင့်အညီ
မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများအား ရေးဆွဲနိုင်ရေး
အကြံပြုချက်/အဆိုပြုချက်များ ပေးပို့နိုင်ပါရန် ဖိတ်ခေါ်ခြင်း
သတ္တုတွင်းဝန်ကြီးဌာနသည် မြန်မာ့ကျောက်မျက် ရတနာဥပဒေအား ခေတ်နှင့်လိုက်လျော ညီထွေရှိစေရေး ပြင်ဆင် ဆောင်ရွက်ခဲ့ရာ လွှတ်တော် အဆင့်ဆင့်တွင် ဆွေးနွေး အတည်ပြုခဲ့ပြီး မြန်မာ့ကျောက်မျက် ရတနာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေအား ၂၉.၁.၂၀၁၆ ရက်နေ့တွင် ၂၀၁၆ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃ ဖြင့် နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး အတည်ပြု ထုတ်ပြန်ခဲ့ပါသည်။
မြန်မာ့ကျောက်မျက် ရတနာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေနှင့်အညီ မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေများကို ပြင်ဆင် ရေးဆွဲနိုင်ရေး အကြံပြုချက်/ အဆိုပြုချက်များအား သတ်မှတ်ပုံစံတွင် ဖြည့်စွက် ပေးပို့နိုင်ပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
ပေးပို့နိုင်သည့်လိပ်စာ
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း
မြန်မာ့ကျောက်မျက်ရတနာပြတိုက်
ရာဇသင်္ဂဟလမ်း၊
နေပြည်တော်
ဆက်သွယ်ရန် ဖုန်း/ဖက်စ်/အီးမေးလ်
ဖုန်းနံပါတ် - ၀၆၇ ၄၁၄၄၉၈
ဖက်နံပါတ် - ၀၆၇ ၄၁၄၄၉၇
E-mail;mge@e-mining.gov.mm
Download File
မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပထမအကြိမ်ပြင်ဆင်သည့်ဥပဒေ
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm