Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
သတင်းကြေညာချက်
နေပြည်တော်
၁၃၇၄ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်( ၁၃ )ရက်
၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ( ၁၂ )ရက်
၁။ သတ္တုတွင်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် မြန်မာကျပ်ငွေဖြင့် အဆင့်နိမ့် ကျောက်စိမ်း အသားကျောက် ရောင်းချပွဲနှင့် နိုင်ငံခြားငွေဖြင့် ကျောက်မျက်၊ ပုလဲများ ရောင်းချပွဲကို နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်မှ (၁၃)ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ မြန်မာကျပ်ငွေဖြင့် အဆင့်နိမ့် အသားကျောက်ရောင်းချပွဲနှင့် နိုင်ငံခြားငွေဖြင့် ကျောက်မျက်၊ ပုလဲအတွဲများ ရောင်းချပွဲတွင် ကျောက်စိမ်းအတွဲများ ကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်လည်းကောင်း၊ ကျောက်မျက်၊ ပုလဲအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်၊ စျေးပြိုင်စနစ်တို့ဖြင့်လည်းကောင်း ရောင်းချမည် ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ မြန်မာကျပ်ငွေဖြင့် အဆင့်နိမ့် ကျောက်စိမ်း အသားကျောက် ရောင်းချပွဲနှင့် နိုင်ငံခြားငွေဖြင့် ကျောက်မျက်၊ ပုလဲအတွဲများ ရောင်းချပွဲသို့ နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များက တင်ပြ ရောင်းချလိုသည့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများကို ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်မှ ဒီဇင်ဘာလ (၂)ရက်အထိ စစ်ဆေးလက်ခံခြင်း၊ အခြေခံရောင်းစျေး ညှိနှိုင်းသတ်မှတ်ခြင်း၊ ပြပွဲကျင်းပမည့်နေရာသို့ ပြောင်းရွှေ့ ခင်းကျင်းခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
၃။ မြန်မာကျပ်ငွေဖြင့် အဆင့်နိမ့် ကျောက်စိမ်း အသားကျောက် ရောင်းချပွဲနှင့် နိုင်ငံခြားငွေဖြင့် ကျောက်မျက်၊ ပုလဲအတွဲများ ရောင်းချပွဲနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (နေပြည်တော်)၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း(နေပြည်တော်)၊ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (ရန်ကုန်ရုံးခွဲ)၊ ကျောက်မျက် တူးဖော်ရေးဌာန (မိုးကုတ်)၊ ကျောက်မျက် တူးဖော်ရေးဌာန (မိုင်းရှူး)၊ ကျောက်စိမ်း တူးဖော်ရေးဌာန (လုံးခင်း)နှင့် မြစ်ကြီးနားမြို့၊ ခန္တီးမြို့၊ မိုးညှင်းမြို့များတွင် အခြေပြုလုပ်သည့် ကျောက်စိမ်း တူးဖော်ရေးဌာန (စခန်းရုံး)များနှင့် မန္တလေးမြို့တွင် အခြေပြုလုပ်သည့် ကျောက်မျက် တူးဖော်ရေးဌာန မန္တလေး (စခန်းရုံး)တို့တွင် ဆက်သွယ်စုံစမ်း ဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm