Tel: 067409019 | Mail: messenger@e-mining.gov.mm



မဏိရတနာကျောက်စိမ်းခန်းမတွင် ကျောက်စိမ်းတွဲများ ဈေးပြိုင်ရောင်းချနေပုံ (ဓါတ်ပုံ- မြန်မာ့ကျောက်မျက်)

မဏိရတနာကျောက်စိမ်းခန်းမတွင် ကျောက်စိမ်းတွဲများ ဈေးပြိုင်ရောင်းချနေပုံ (ဓါတ်ပုံ- မြန်မာ့ကျောက်မျက်)

  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီသည် (၅၃)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၁၆ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့မှ ဇူလိုင်လ(၆)ရက်နေ့ထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

  ရတနာပြပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ သြစတြီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ပြည်ပ ရတနာကုန်သည်(၂၀၆၉)ဦး နှင့် နိုင်ငံသား ရတနာကုန်သည် (၂၁၀၈)ဦး စုစုပေါင်း ရတနာကုန်သည်(၄၁၇၇)ဦး တက်ရောက်ခဲ့ပါသည်။

  ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း(၃၆၅)တွဲ၊ ကျောက်မျက်အတွဲပေါင်း(၅၁၂)တွဲနှင့် ကျောက်စိမ်း အတွဲပေါင်း(၆၀၆၂)တွဲကို အိတ်ဖွင့်တင်ဒါစနစ်၊ ဈေးပြိုင်စနစ်တို့ဖြင့် ပြည်တွင်း၊ပြည်ပ ရတနာကုန်သည် များအား ရောင်းချခဲ့ပါသည်။

  ဇွန်လ(၂၅)ရက်မှ(၂၆)ရက်နေ့ထိ ပုလဲအတွဲပေါင်း(၃၆၅)တွဲကို အိတ်ဖွင့်တင်ဒါစနစ်၊ ဈေးပြိုင်စနစ် တို့ဖြင့် ရောင်းချခဲ့ရာ ပုလဲအတွဲပေါင်း(၃၁၂)တွဲကို တန်ဖိုးယူရို(၃.၁၂)သန်းဖြင့် ရောင်းချခဲ့ရပါသည်။

  ဇွန်လ(၂၇)ရက်နေ့တွင် ကျောက်မျက်အတွဲပေါင်း(၅၁၂)တွဲကို အိတ်ဖွင့်တင်ဒါစနစ်၊ ဈေးပြိုင်စနစ် တို့ဖြင့်ရောင်းချခဲ့ရာ ကျောက်မျက်အတွဲပေါင်း(၆၃)တွဲကို တန်ဖိုးယူရို(၃.၂၉)သန်းဖြင့် ရောင်းချခဲ့ရပါသည်။

  ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ(၆)ရက်နေ့ထိ ကျောက်စိမ်းအတွဲပေါင်း(၆၀၆၂)တွဲကို အိတ်ဖွင့်တင်ဒါ စနစ်၊ ဈေးပြိုင်စနစ်တို့ဖြင့် ရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း(၃၉၄၇)တွဲကို တန်ဖိုးယူရို(၅၂၇.၀၈) သန်းဖြင့် ရောင်းချခဲ့ရပါသည်။

  (၅၃)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက် နှင့် ကျောက်စိမ်းအတွဲ ပေါင်း(၄၃၂၂)တွဲကို တန်ဖိုးယူရို(၅၃၃.၄၉)သန်းဖြင့် ရောင်းချခဲ့ရပါသည်။