Tel: 067409019 | Mail: messenger@e-mining.gov.mm

၂၀၁၆ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆက်လက်ကျင်းပ

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်

   ၂၀၁၆ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထမြောက်နေ့ကို ၂၃.၁၁.၂၀၁၆ ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပပြီး ကျောက်စိမ်းအတွဲများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ပါသည်။

   ယနေ့ပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီဝင်များဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲမြင့်ဆွေ၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းမင်းဦးနှင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းတို့ ကျောက်စိမ်းအတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနေမှုနှင့် ရတနာပြပွဲအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော လက်ဝတ်ရတနာဆိုင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ညနေပိုင်းတွင် ရတနာပြပွဲ သတင်းထုတ်ပြန်ရေးအဖွဲ့က မဏိရတနာကျောက်စိမ်းခန်းမ၊ နဝရတ်ကိုးသွယ်ဂိတ်ရှိ ရတနာကုန်သည် မှတ်ပုံတင်အဆောက်အအုံ၌ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်၍ ရတနာပြပွဲဆိုင်ရာ သတင်းအချက်အလက်များ ထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။

ပြပွဲဗဟိုကော်မတီဝင်များ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော လက်ဝတ်ရတနာဆိုင်များကို ကြည့်ရှုစစ်ဆေးစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

၂၃.၁၁.၂၀၁၆ ရက်နေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သတင်းမီဒီယာများ (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

သတင်းထုတ်ပြန်ရေးအဖွဲ့က ပြပွဲဆိုင်ရာ သတင်းအချက်အလက်များ ထုတ်ပြန်ပေးစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

ပုဂ္ဂလိက ငွေလဲကောင်တာများတွင် ငွေလဲလှယ်နေသည့် ပြည်ပရတနာကုန်သည်များ (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

ဝယ်ယူခွင့်ရ ကျောက်စိမ်းအတွဲများစာရင်းကို KIOSK စက်များဖြင့် စစ်ဆေးကြည့်ရှုနေသည့် ရတနာကုန်သည်များ (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

ရတနာကုန်သည်များက ကျောက်စိမ်းအတွဲများ ဈေးနှုန်းပေးသွင်းရန် ဈေးနှုန်းပေးသွင်းလွှာ (Bidding Form) ဝယ်ယူနေစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

ရတနာကုန်သည်များ ကျောက်စိမ်းအတွဲများကိုဝယ်ယူရန် ကြည့်ရှုစစ်ဆေးနေစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

ရတနာကုန်သည်များ ကျောက်စိမ်းအတွဲများကိုဝယ်ယူရန် ကြည့်ရှုစစ်ဆေးနေစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

ရတနာပြပွဲတက်ရောက်လျက်ရှိသည့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များ (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)