Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၆ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမမြောက်နေ့ ဆက်လက်ကျင်းပပြုလုပ်၊
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်ကြည့်ရှုအားပေး
၂၀၁၆ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမမြောက်နေ့ကို ၂၄.၁၁.၂၀၁၆ ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပ ပြုလုပ်လျက်ရှိသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီဝင်များဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်အတူ ၂၀၁၆ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနေမှုကို တက်ရောက် ကြည့်ရှုအားပေးခဲ့ရာ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းနှင့် လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ရှင်းလင်းပြသခဲ့ကြသည်။
အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချသည့် ကျောက်စိမ်းအတွဲများအား ဝယ်ယူရန် ရတနာကုန်သည်များ ဈေးနှုန်းပေးသွင်းလွှာဖြည့်သွင်းနေမှုကို ကြည့်ရှုအားပေးစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချသည့် ကျောက်စိမ်းအတွဲများအား ဝယ်ယူရန် ရတနာကုန်သည်များ ဈေးနှုန်းပေးသွင်းလွှာဖြည့်သွင်းနေမှုကို ရှင်းလင်းပြသစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
ဈေးနှုန်းပေးသွင်းလွှာများ ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
ကျောက်စိမ်းအတွဲများ ဝယ်ယူရန် ချိတ်ပိတ်ဈေးပြိုင်ဈေးနှုန်းတင်သွင်းလွှာ (Sealed Bid) များ လက်ခံနေမှုကို ကြည့်ရှုစစ်ဆေးစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချသည့် ကျောက်စိမ်းအတွဲများအား ဝယ်ယူရန် ရတနာကုန်သည်များက ဈေးနှုန်းပေးသွင်းလွှာများအား တင်ဒါပုံးများအတွင်း ထည့်သွင်းနေမှုကို ကြည့်ရှုအားပေးစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
ကျောက်စိမ်းအတွဲများ ရောင်းချရာတွင် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် သဘာပတိအဖွဲ့အား ကြည့်ရှုစစ်ဆေးစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချသည့် ကျောက်စိမ်းအတွဲများအား ဝယ်ယူခွင့်ရရှိသည့်ရတနာကုန်သည်များစာရင်းကို LED Display Board ဖြင့် ကြေညာအသိပေးနိုင်ရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
ရတနာပြပွဲတွင် အသုံးပြုဆောင်ရွက်လျက်ရှိသည့် ကွန်ပျူတာစနစ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြသစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
ရတနာပြပွဲတွင် အသုံးပြုဆောင်ရွက်လျက်ရှိသည့် ကွန်ပျူတာစနစ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြသစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
ဝယ်ယူခွင့်ရရှိသည့် ကျောက်အတွဲများစာရင်းကို ပြပွဲဝင်ခွင့်ကတ်အသုံးပြု၍ KIOSK စက်များဖြင့် ထုတ်ယူနိုင်ရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
ဝယ်ယူခွင့်ရရှိသည့် ကျောက်စိမ်းအတွဲများအတွက် ရောင်းသူနှင့် ဝယ်ယူသူတို့ နှစ်ဘက်သဘောတူချုပ်ဆိုထားသည့် အရောင်းအဝယ်စာချုပ် (Sale Agreement)များကို ကြည့်ရှုစစ်ဆေးစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
ဝယ်ယူခွင့်ရရှိသည့် ကျောက်စိမ်းအတွဲများအတွက် အရောင်းအဝယ်စာချုပ် (Sale Agreement)များ ချုပ်ဆိုနိုင်ရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
တင်ပြရောင်းချလျက်ရှိသည့် ကျောက်စိမ်းအတွဲများနှင့် ပတ်သက်သည့် အချက်အလက်များအား ရတနာကုန်သည်များ သိရှိနိုင်စေရေး အသိပေးကြေညာထားရှိမှုကို ရှင်းလင်းပြသစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm