Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၆ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီသည် ၂၀၁၆ ခုနှစ်၊ နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာပြပွဲကို နိုဝင်ဘာလ (၂၀) ရက်နေ့မှ (၂၉) ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်း ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ရတနာပြပွဲသို့ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည် စုစုပေါင်း ၃၅၄၂ ဦး တက်ရောက်ခဲ့ပြီး အိတ်ဖွင့် တင်ဒါစနစ်၊ ဈေးပြိုင်စနစ်များဖြင့် ကျောက်မျက် အတွဲပေါင်း ၄၃၉ တွဲ တင်ပြ ရောင်းချခဲ့ရာ ၄၄ တွဲကို တန်ဖိုးငွေ ယူရို (၁.၆၇) သန်းဖြင့် ရောင်းချခဲ့သည်။ အလားတူ အိတ်ဖွင့် တင်ဒါစနစ်၊ ဈေးပြိုင်စနစ်များဖြင့် ကျောက်စိမ်း အတွဲပေါင်း ၅၉၈၈ တွဲ တင်ပြ ရောင်းချခဲ့ရာ ၄၀၄၁ တွဲကို တန်ဖိုးငွေ ယူရို (၃၂၆.၀၂) သန်းဖြင့် ရောင်းချခဲ့ကြောင်း ယင်းနေ့ညနေပိုင်းတွင် မဏိရတနာ ကျောက်စိမ်းခန်းမ၊ နဝရတ်ကိုးသွယ်ဂိတ်ရှိ ရတနာ ကုန်သည်မှတ်ပုံတင်အဆောက်အအုံ၌ ရတနာပြပွဲ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အရောင်းစာရင်း ထုတ်ပြန်ပေးချက်များအရ သိရသည်။
ရတနာပြပွဲ သတင်းထုတ်ပြန်ရေးအဖွဲ့က အရောင်းစာရင်းထုတ်ပြန်စဉ် ( ဓာတ်ပုံ - မြန်မာ့ကျောက်မျက် )
သတင်းထောက်တစ်ဦးမှ သိလိုသည်များ မေးမြန်းစဉ် ( ဓာတ်ပုံ - မြန်မာ့ကျောက်မျက် )
ကျောက်စိမ်းအတွဲများအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချစဉ် ( ဓာတ်ပုံ - မြန်မာ့ကျောက်မျက် )
ကျောက်စိမ်းအတွဲများအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချစဉ် ( ဓာတ်ပုံ - မြန်မာ့ကျောက်မျက် )
ကျောက်စိမ်းအတွဲများအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချစဉ် ( ဓာတ်ပုံ - မြန်မာ့ကျောက်မျက် )
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm