Tel: 067409019 | Mail: messenger@e-mining.gov.mm
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
Myanmar Pearl Auction (August-2017)သို့ တက်ရောက် ကြည့်ရှုအားပေး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၏ Myanmar Pearl Auction (August-2017)ပုလဲရောင်းချပွဲကို (၁၈.၈.၂၀၁၇)ရက်နေ့ ၊ နံနက် (၉:၀၀)နာရီ အချိန်တွင် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ ရတနာဈေးထပ်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ရောက်ရှိလာ၍ ပုလဲအတွဲများ ခင်းကျင်း ပြသထားမှု၊ ကုန်သည်များမှ ပုလဲအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဝယ်ယူရန် ရွေးချယ်နေမှု အခြေအနေများကို ကြည့်ရှု၍ ပုလဲကုန်သည်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ယခင် (၃၅)ကြိမ်မြောက် ပြည်တွင်းပုလဲ ရောင်းချပွဲတွင် ပုလဲအတွဲ(၆၁)တွဲကို ကျပ်သန်းပေါင်း (၆၇၈)သန်းဖြင့် တန်ဖိုးငွေ အများဆုံးပေး၍ ဝယ်ယူသွားသည့် ပြည်တွင်းပုလဲကုန်သည် အောင်ဇမ္ဗူအေးပုလဲရတနာဆိုင်မှ ဒေါ်ခင်မြင့်အေးအား Biggest Buyer ဆုချီးမြှင့်ခဲ့ပါသည်။
Myanmar Pearl Auction (August-2017) ပုလဲရောင်းချပွဲကို (၁၈.၈.၂၀၁၇)ရက်နေ့မှ (၂၀.၈.၂၀၁၇)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် နိုင်ငံပိုင် ပုလဲလုံးရေ (၈၆,၉၁၄)လုံး၊ အလေးချိန် (၆၅၀၀၂.၄၅)မိုမီ၊ အခြေခံစျေး ယူရို (၁,၂၃၀,၈၀၀)တန်ဖိုးရှိ ပုလဲအတွဲပေါင်း (၂၇၀)အား ရောင်းချသွားမည် ဖြစ်ပါသည်။
|
|
|
|
|
|
|
|
|
|
|
|
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm