Tel: 067409019 | Mail: messenger@e-mining.gov.mm
55 th Myanma Gems Emporium (June-2018), Pearl Auction
ပုလဲရောင်းချပွဲ အောင်မြင်စွာကျင်းပပြီးစီး
၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၊ ပုလဲရောင်းချပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမတွင် (၂၀.၆.၂၀၁၈)ရက်နေ့မှ (၂၁.၆.၂၀၁၈)ရက်နေ့အထိ ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါ ပုလဲရောင်းချပွဲတွင် အခြေခံဈေးယူရို(၁,၅၉၁,၈၄၀)တန်ဖိုးရှိ ပုလဲအတွဲပေါင်း (၃၆၀)တွဲ၊ ပုလဲလုံးရေ(၉၈,၂၀၆)လုံး၊ အလေးချိန် (၆၁၇၉၂.၂၀)မိုမီအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြ ရောင်းချခဲ့ရာ ပုလဲအတွဲ(၃၄၁)တွဲ၊ ပုလဲလုံးရေ(၉၅,၄၄၃)လုံး၊အလေးချိန် (၆၀၁၈၄.၇၀)မိုမီကို တန်ဖိုးငွေ ယူရို(၂,၅၉၈,၂၃၉)ဖြင့် ရောင်းချနိုင်ခဲ့သဖြင့် တင်ပြပုလဲအတွဲပေါ်တွင် (၉၅%) ရောင်းချနိုင်ခဲ့ပါသည်။
၂။ ပုလဲရောင်းချပွဲတွင် နိုင်ငံပိုင်ပုလဲအတွဲ(၂၇၀)တွဲ၊ ပုလဲလုံးရေ(၆၅,၈၆၄)လုံး၊ အလေးချိန်(၄၄၄၁၀.၈၅)မိုမီ၊အခြေခံဈေးယူရို(၁,၀၈၀,၀၀၀)ကို တင်ပြ ရောင်းချခဲ့ရာ ပုလဲအတွဲ(၂၇၀)တွဲ၊ ပုလဲလုံးရေ(၆၅,၈၆၄)လုံး၊ အလေးချိန် (၄၄၄၁၀.၈၅)မိုမီ၊ တန်ဖိုးငွေယူရို (၁,၉၂၇,၇၀၃)ဖြင့် ရောင်းချနိုင်ခဲ့ပြီး တင်ပြပုလဲအတွဲပေါ်တွင် (၁၀၀%) ရောင်းချနိုင်ခဲ့ ပါသည်။ဖက်စပ်ကုမ္ပဏီ(၂)ခုမှ ပုလဲအတွဲပေါင်း(၉၀)တွဲ၊ပုလဲလုံးရေ(၃၂,၃၄၂)လုံး၊ အလေးချိန် (၁၇၃၈၁.၃၅)မိုမီ၊ အခြေခံဈေး ယူရို(၅၁၁,၈၄၀)ကို တင်ပြ ရောင်းချခဲ့ရာ ပုလဲအတွဲ(၇၁)တွဲ၊ ပုလဲလုံးရေ (၂၉,၅၇၉)လုံး ၊ အလေးချိန် (၁၅၇၇၃.၈၅)မိုမီ ၊ တန်ဖိုးငွေ ယူရို (၆၇၀,၅၃၆)ဖြင့် ရောင်းချနိုင်ခဲ့ပြီး တင်ပြ ပုလဲ အတွဲပေါ်တွင် (၇၉%)ရောင်းချနိုင်ခဲ့ပါသည်။
၃။ (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၊ ပုလဲရောင်းချပွဲသို့ ပြည်တွင်း၊ ပြည်ပ ပုလဲကုမ္ပဏီ(၆၀)ခုမှ ကုန်သည်စုစုပေါင်း(၁၁၇)ဦး တက်ရောက် ဝယ်ယူ အားပေးခဲ့ကြ ပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm