Tel: 067409019 | Mail: messenger@e-mining.gov.mm
“(၃၆)ကြိမ်မြောက်ပြည်တွင်းပုလဲရောင်းချပွဲ (ဒီဇင်ဘာလ-၂၀၁၈)”
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၏ (၃၆)ကြိမ်မြောက် ပြည်တွင်းပုလဲရောင်းချပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့မှ (၇)ရက်နေ့အထိ နေပြည်တော်၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ ရတနာစျေးထပ်တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများ တက်ရောက် ဝယ်ယူနိုင်ပါသည်-
စဉ် အကြောင်းအရာ
(က) ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက် (ဗုဒ္ဓဟူးနေ့)
(၁) ပုလဲတွဲများ ပြသကြည့်ရှုခြင်း - (၀၉:၀၀- ၁၆:၃၀)နာရီ
(ခ) ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက် (ကြာသပတေးနေ့)
(၁) ပုလဲတွဲများပြသကြည့်ရှုခြင်း - (၀၉:၀၀ - ၁၆:၃၀)နာရီ
(၂) တင်ဒါအမှတ်(၁)ပိတ်သိမ်းခြင်း - (၁၂:၀၀)နာရီ
(၃) တင်ဒါအမှတ်(၁)ကြေညာခြင်း - (၁၃:၀၀)နာရီ
(၄) တင်ဒါအမှတ်(၂)ပိတ်သိမ်းခြင်း - (၁၆:၀၀)နာရီ
(၅) တင်ဒါအမှတ်(၂)ကြေညာခြင်း - (၁၇:၀၀)နာရီ
(ဂ) ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက် (သောကြာနေ့)
(၁) ပုလဲတွဲများပြသကြည့်ရှုခြင်း - (၀၉:၀၀ - ၁၂:၀၀)နာရီ
(၂) တင်ဒါအမှတ်(၃)ပိတ်သိမ်းခြင်း - (၁၂:၀၀)နာရီ
(၃) တင်ဒါအမှတ်(၃)ကြေညာခြင်း - (၁၃:၀၀)နာရီ
(၄) တင်ဒါအမှတ်(၄)ပိတ်သိမ်းခြင်း - (၁၆:၀၀)နာရီ
(၅) တင်ဒါအမှတ်(၄)ကြေညာခြင်း - (၁၇:၀၀)နာရီ
၂။ တက်ရောက်ဝယ်ယူမည့် ပုလဲကုန်သည်များသည် အာမခံစပေါ်ငွေ ကျပ်(၂,၅၀၀,၀၀ဝိ/-)ကို မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းသို့ ကြိုတင်ပေးသွင်းရပါမည်။ ပုလဲရောင်းချပွဲသို့ တက်ရောက်ရန် (၁၉.၁၁.၂၀၁၈)ရက်နေ့မှစတင်၍ မြန်မာ့ပုလဲ(ရုံးချုပ်)သို့ လျှောက်ထားနိုင်ပါသည်။
(က) ရောင်းချမည့် - မြန်မာကျပ်ငွေ
ငွေကြေးစနစ်
(ခ) ဆက်သွယ်ရန်
- မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း
မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ရာဇသင်္ဂဟလမ်း၊
နေပြည်တော်။ www.mining.gov.mm E-mail: mpe.myr@mptmail.net.mm
G-mail: myanmarpearlenterprise@gmail.com
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm