Tel: 067409019 | Mail: messenger@e-mining.gov.mm
ပုလဲဝတ်ဆင် ထိန်းသိမ်းရာတွင် လိုက်နာသင့်သည့် အချက်များ
၁။ ပုလဲအား ပွတ်ခြစ်ခြင်းမှ ကာကွယ်ရန် မာကျောသော စိန်၊ ရွှေ စသည့် ရတနာများနှင့် အတူ မထားရပါ။
၂။ ထိုက်သင့်သော လေထုနှင့် စိုထိုင်းဆရှိသည့် နေရာ၌ သိမ်းဆည်း သင့်ပါသည်။ လေလုံသော မီးခံ သေတ္တာတွင်း ထားပါက ရေဖန်ခွက် ထားပေးရမည်။
၃။ သန့်စင်သောရေသုံးပြီး နူးညံ့စိုစွတ်သောအဝတ်ဖြင့် ပွတ်၍ အဝတ်ခြောက် နှင့် ပွတ်တိုက်ခြင်းဖြင့်သန့်ရှင်း ရေးပုံမှန်ပြုလုပ်ပေးပါ။
၄။ ရေနွေးဖြင့် ဆေးကြောသန့်စင်ခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် သန့်ရှင်းရေး ပြုလုပ်ခြင်းမပြုရ။
၅။ ပုလဲဝတ်ဆင်မည့်သူသည် ဆံပင်ဖျန်းဆေး၊ ရေမွှေး၊ မိတ်ကပ်များ ဦးစွာဖျန်းပြီးမှ ပုလဲ ဝတ်ဆင်ရမည်။
၆။ ရေမွှေးနှင့်ချွေးတို့သည် ပုလဲအား ပျက်စီးစေတတ်၍ ဝတ်ဆင်ပြီးတိုင်း သန့်ရှင်းရေး ပြုလုပ်ပေးပါ။
၇။ ပုလဲသည် အက်ဆစ်များ၊ ပြင်းထန်သော ဓာတုပစ္စည်း များနှင့် လုံးဝ ထိတွေ့မရပါ။
၈။ ပုလဲဝတ်ဆင်၍ ရေကူးခြင်း၊ ချက်ပြုတ်ခြင်း၊ ပန်းကန် ဆေးခြင်းတို့ မပြုလုပ်သင့်ပါ။
၉။ ပုလဲသည် စိန်၊ ကျောက်ကဲ့သို့ မာကျောမှုမရှိ၍ ဆပ်ပြာရည်၊ သွားပွတ်တံတို့ဖြင့် ပွတ်တိုက်ပြီး သန့်ရှင်းရေး မလုပ်ရပါ။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm