Tel: 067409019 | Mail: messenger@e-mining.gov.mm
မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၏ မူဝါဒများ
မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းသည် အောက်ပါအတိုင်း မူဝါဒများ ချမှတ် ဆောင်ရွက်လျှက်ရှိပါသည်-
(က) ဌာနပိုင် ပုလဲမွေးမြူထုတ်လုပ်ရေး ကျွန်းစခန်းများအနေဖြင့် ပုလဲအရည် အသွေး များတိုးတက် ကောင်းမွန်လာစေရန် လေ့ကျင့်ရေးနှင့် သုတေသန လုပ်ငန်းများကို ဦးစားပေးလုပ်ကိုင် ဆောင်ရွက်ခြင်း၊
( ခ) ပုလဲထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သော သားဖောက် မုတ်ကောင် များကို ရှင်ကျန်နှုန်း မြင့်မားအောင်ဆောင်ရွက်ပြီး ပုလဲပိုက် မုတ်ကောင်များအား ရေသေနှုန်း နည်းပါးအောင် ဆောင်ရွက်ခြင်း၊
( ဂ) ဌာနအနေဖြင့် ကုမ္ပဏီများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး၍ နိုင်ငံတကာ နည်းပညာနှင့် လုပ်နည်းစနစ်များကို ဖြန့်ဝေပေးခြင်း၊
(ဃ) ပုလဲထုတ်လုပ်မှုသည် သက်ရှိမုတ်ကောင်များနှင့် လုပ်ကိုင် ဆောင်ရွက် ရသဖြင့် ပြောင်းလဲ လာသော ရာသီဥတု အခြေအနေများနှင့် လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲ မွေးမြူနိုင်ရေး စီမံ ဆောင်ရွက်ခြင်း၊
(င) မြန်မာကျပ်ငွေဖြင့် ပြည်တွင်း ပုလဲရောင်းချပွဲများ၊ နိုင်ငံခြားငွေ(ယူရို)ဖြင့် ကျောက်မျက်ရတနာ ရောင်းပွဲများတွင် အရည်အသွေး ပြည့်မီသည့် ပုလဲများတိုးမြှင့် ရောင်းချနိုင်ရေး ဆောင်ရွက်ခြင်း။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm