Tel: 067409019 | Mail: messenger@e-mining.gov.mm



သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ Myanmar Atlantic Co.,Ltd. မှ Coronavirus Disease 2019(COVID-19) ကာကွယ်ရေးပစ္စည်းများလာရောက်လှူဒါန်း

 

နေပြည်တော်

 ၂၀၂၀ ပြည့်နှစ်၊ မေလ ၈ ရက်

 



သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းနှင့်  မုတ်ကောင် သားဖောက် ပုလဲမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Myanmar Atlantic Co.,Ltd. မှ ဒါရိုက်တာ ဦးစည်သူနှင့် အဖွဲ့ဝင်(၅)ဦးတို့သည် Coronavirus Disease 2019 (COVID-19) ကာကွယ်ရေးပစ္စည်းများ ဖြစ်သည့်  Auto ဆေးဖျန်းစက် (၂)လုံး တန်ဖိုး ကျပ် (၇)သိန်း၊ ပိုးသတ်ဆေးရည် (၈)ပုံး တန်ဖိုး ကျပ်(၂)သိန်းနှင့် Face Mask (၃၀၀)ခု တန်ဖိုး ကျပ်(၃)သိန်း၊ စုစုပေါင်း တန်ဖိုး ကျပ် (၁၂)သိန်းတန်ဖိုးရှိ ပစ္စည်းများအား (၈.၅.၂၀၂၀)ရက်နေ့တွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉)၊ နေပြည်တော်သို့ လာရောက်လှူဒါန်းကြရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းမှ လှူဒါန်းမှုများကို လက်ခံခဲ့ပြီး ကုမ္ပဏီသို့ ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။