Tel: 067409019 | Mail: messenger@e-mining.gov.mm
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ အရှေ့တိုင်းပုလဲကုမ္ပဏီလီမိတက်မှ Coronavirus Disease 2019(COVID-19) ကာကွယ်ရေးပစ္စည်းများလာရောက်လှူဒါန်း
နေပြည်တော်
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၇ ရက်
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းနှင့် မုတ်ကောင် သားဖောက် ပုလဲမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော အရှေ့တိုင်းပုလဲကုမ္ပဏီလီမိတက်မှ အထွေထွေမန်နေဂျာ ဦးလှဦးကြည်နှင့် အဖွဲဝင်များသည် Coronavirus Disease 2019 (COVID-19) ကာကွယ်ရေး ပစ္စည်းများ ဖြစ်သည့် Mask (၁၅,၀၀၀)ခု တန်ဖိုး ကျပ် (၇၅)သိန်း၊ Hand Gel (100 ml)(၂၀၀)ဘူး တန်ဖိုး ကျပ်(၂)သိန်း(၄)သောင်း စုစုပေါင်း တန်ဖိုး ကျပ် (၇၇)သိန်း(၄)သောင်း တန်ဖိုးရှိ ပစ္စည်း များအား (၇.၄.၂၀၂၀)ရက်နေ့တွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉)၊ နေပြည်တော်သို့ လာရောက်လှူဒါန်းကြရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းမှ လှူဒါန်းမှုများကို လက်ခံခဲ့ပြီး ကုမ္ပဏီသို့ ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm