Tel: 067409019 | Mail: messenger@e-mining.gov.mm
မြန်မာ့ပုလဲလေလံရောင်းချပွဲ -၂၀၁၂
(Myanmar Pearl Auction -2012)
ကျင်းပမည့်အစီအစဉ်
၁။ သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းမှ မြန်မာ့ပုလဲ လေလံရောင်းချပွဲ -၂၀၁၂ ကို နေပြည်တော် ၊ မြန်မာ့ကျောက်မျက် ရတနာပြတိုက်တွင် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်မှ (၁၂)ရက်နေ့ထိ ကျင်းပသွားမည်။တင်ပြရောင်းချမည့် ပုလဲများမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) တင်ဒါစနစ်(Tender System)
|
ဌာန/ကုမ္ပဏီ |
ပုလဲတွဲ |
လုံးရေ |
အလေးချိန်(မိုမီ) |
ကြမ်းခင်းစျေး(ယူရို) |
|
မြန်မာ့ပုလဲ |
၂၆၈ |
၇၆,၁၈၂ |
၃၆၉၀၀.၃၀ |
၁,၁၀၄,၂၀၀ |
|
နီနို |
၁၇ |
၂၈၈၀ |
၁၀၇၈.၆၅ |
၃၅,၀၃၅ |
|
အရှေ့တိုင်းပုလဲ |
၁၃ |
၆၈၃ |
၄၀၁.၅၅ |
၂၇,၅၅၃ |
|
အတ္တလန်တစ် |
၁၀ |
၇၉၅ |
၄၈၂.၄၀ |
၁၆,၆၉၉ |
|
စုစုပေါင်း |
၃၀၈ |
၈၀၅၄၀ |
၃၈၈၆၂.၉၀ |
၁,၁၈၃,၄၈၇ |
(ခ ) စျေးပြိုင်စနစ် (Bidding System)
စျေးပြိုင်စနစ်တွင် မြန်မာ့ပုလဲမှသာ တင်ပြ ရောင်းချမည် ဖြစ်ပြီး ပုလဲတွဲ (၃၀)တွဲ၊ ပုလဲလုံးရေ (၇၁၄၇)လုံး၊ အလေးချိန်(၄၅၃၅.၄၅)မိုမီနှင့် ကြမ်းခင်းစျေး (၃၂၀၂၀၀)ယူရို ဖြစ်သည်။
၂။ ယခင်က ပုလဲများအား ပြသကြည့်ရှုရက် (Viewing Day)အဖြစ် တစ်ရက်သာ သတ်မှတ်ခဲ့ရာမှ ကုန်သည်များ အချိန်လုံလောက်စွာ ကြည့်ရှု တန်ဖိုးဖြတ်နိုင်ရန်အတွက် တစ်ရက်တိုး၍ နှစ်ရက် သတ်မှတ်ပေးထားသည်။
ဆက်သွယ်ရန်
ဦးဆောင်ညွှန်ကြားရေးမှူး
မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း
မြန်မာ့ကျောက်မျက်ရတနာပြတိုက်
နေပြည်တော်
ဖုန်း၊ ၉၅ ၆၇ ၄၁၄၀၈၇၊ ၉၅ ၆၇ ၄၁၃၃၃၃
လက်ကိုင်ဖုန်း၊ ၉၆ ၉ ၈၃၀၀၆၁၂
အီးမေးလ်၊ mpe.myr@mptmail.net.mm
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm