Tel: 067409019 | Mail: messenger@e-mining.gov.mm



Myanmar Pearl Auction (August-2017) ပုလဲရောင်းချပွဲ အောင်မြင်စွာကျင်းပပြီးစီး

            သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၏ Myanmar Pearl Auction (August-2017)ပုလဲရောင်းချပွဲကို နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ ရတနာဈေးထပ်တွင် (၁၈.၈.၂၀၁၇)ရက်နေ့မှ (၂၀.၈.၂၀၁၇)ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ပုလဲရောင်းချပွဲတွင် အခြေခံဈေး ယူရို(၁,၂၃၀,၈၀၀) တန်ဖိုးရှိ ပုလဲအတွဲပေါင်း (၂၇၀)တွဲ ၊ ပုလဲလုံးရေ (၈၆,၉၁၄)လုံး၊ အလေးချိန်(၆၅၀၀၂.၄၅)မိုမီအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြရောင်းချခဲ့ရာ ပုလဲအတွဲများ အားလုံး ရောင်းချနိုင်ခဲ့သဖြင့် တင်ပြပုလဲအတွဲပေါ်တွင် ရာခိုင်နှုန်းပြည့် ရောင်းချ နိုင်ခဲ့ပါသည်။ ရောင်းချခဲ့ရသော ပုလဲအတွဲများအားလုံးမှာ နိုင်ငံပိုင် ပုလဲအတွဲများ ဖြစ်သဖြင့် နိုင်ငံတော်ဝင်ငွေ ယူရို (၂,၃၃၉,၇၄၃) ရရှိခဲ့ပါသည်။

            ပြည်တွင်း၌ နိုင်ငံခြားငွေဖြင့် ပုလဲရောင်းချပွဲများကို (၁၉၆၄) ခုနှစ်မှ စတင်၍ ယနေ့အထိ ပွဲပေါင်း (၉၀) ကျင်းပ ရောင်းချနိုင်ခဲ့ပြီး နိုင်ငံတော်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၄ ဒသမ ၇၈ သန်းရရှိခဲ့ပြီး ဖြစ်ပါသည်။ နေပြည်တော်၌ (၂၀၁၀) ခုနှစ်မှ စတင်ရောင်းချခဲ့ရာ ယခုကျင်းပသည့် Myanmar Pearl Auction (August-2017) ပွဲ အပါအဝင် စုစုပေါင်း (၈)ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါသည်။

            Myanmar Pearl Auction (August-2017)သို့ ပြည်တွင်းပြည်ပ ပုလဲကုမ္ပဏီ (၆၂)ခုမှ ကုန်သည်(၁၈၉)ဦး တက်ရောက် ဝယ်ယူအားပေးခဲ့ကြပြီး Myanmar Pearl Auction (2018) ကိုလည်း နေပြည်တော်၌ ဆက်လက် ကျင်းပသွားမည် ဖြစ်ပါသည်။