Tel: 067409019 | Mail: messenger@e-mining.gov.mm
မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၏ သမိုင်းအကျဉ်း
မြန်မာနိုင်ငံတွင် မွေးပုလဲထုတ်လုပ်မှုလုပ်ငန်းကို ၁၉၅၄ ခုနှစ်၌ မြိတ်ကျွန်းစုတွင် စတင်ခဲ့ပြီး ဂျပန်နိုင်ငံ ကိုဘေးမြို့တွင် အခြေစိုက်သောSouth Sea Pearl Company နှင့် မြန်မာနိုင်ငံမှ ကော့သောင်း ရောင်းဝယ်ရေးဆင်ဒီကိတ်တို့ ဖက်စပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၆၃ခုနှစ်၊သြဂုတ်လ(၁၆)ရက်နေ့မှစ၍ ပြည်သူပိုင်သိမ်းယူခဲ့ပြီး ပြည်သူ့ပုလဲနှင့်ငါးလုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် ပြည်သူ့ပုလဲနှင့်ငါးလုပ်ငန်း ကော်ပိုရေးရှင်းဟူသော အမည်ဖြင့် လယ်ယာနှင့်သစ်တောဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ရောက်ရှိခဲ့ပါသည်။ ၁၉၈၃ ခုနှစ်တွင် ပြည်သူ့ပုလဲနှင့်ရေလုပ်ငန်း ကော်ပိုရေးရှင်း အမည်ဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ရောက်ရှိခဲ့ပါသည်။ ၁၉၈၆ ခုနှစ် တွင် သတ္တုတွင်းဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ပြောင်းရွှေ့ခဲ့ရပြီး ပုလဲမွေးမြူရေးနှင့် ထုတ်လုပ်ရေး ဌာနခွဲ အမည်ဖြင့် ဆားလုပ်ငန်းကော်ပိုရေးရှင်းနှင့် ပူးပေါင်း ဖွဲ့စည်းခဲ့ပါသည်။ ဆားလုပ်ငန်း ကော်ပိုရေးရှင်း၏ ဦးဆောင်ညွှန်ကြားရေးမှူးမှာ ဗိုလ်မှူးကြီးဝင်းမောင်ဖြစ်ပါသည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာ့ပုလဲရတနာ ကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းပြီး သီးခြားရပ်တည်ခဲ့ရာ ဦးဆောင်ညွှန်ကြားရေးမှူးမှာ ဗိုလ်မှူးကြီးဝင်းမောင်မှပင် ဆောင်ရွက်ခဲ့ပြီး ဆားလုပ်ငန်းကော်ပိုရေးရှင်း၏ ဦးဆောင်ညွှန်ကြားရေးမှူး အသစ်တစ်ဦး ခန့်အပ်ခဲ့ပါသည်။ (၁.၄.၈၉)ရက်နေ့တွင် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ပုလဲမွေးမြူရေးသာမက ရောင်းချရေးလုပ်ငန်းများကိုပါ ဆောင်ရွက် ခဲ့ပါသည်။ (၇.၁၁.၁၉၉၈)နေ့တွင် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း၏ ဦးဆောင် ညွှန်ကြားရေးမှူး အဖြစ် ဗိုလ်မှူးကြီးမောင်တိုးမှ စတင် တာဝန်ယူခဲ့ပါသည်။ ဆက်လက်၍ မြန်မာ့ကျောက်မျက်ရတနာဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဆွေမှ (၂၇.၈.၂၀၁၀)ရက်နေ့တွင် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တွဲဖက်တာဝန်ယူခဲ့ပြီး လက်ရှိတွင် ဦးစိန်လွင်မှ (၁၂.၈.၂၀၁၁) ရက်နေ့မှစ၍ယနေ့အထိ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်လျှက် ရှိပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm