Tel: 067409019 | Mail: messenger@e-mining.gov.mm
မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၏ ရည်မှန်းချက်
မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းသည် နှစ်စဉ်စီမံကိန်းများ အကောင် အထည်ဖော်နိုင်ရန် အောက်ပါအတိုင်း ရည်မှန်းချက်များ ချမှတ်ထားပါသည်-
(က) ဌာနပိုင် ပုလဲမွေးစခန်းများသည် ထုတ်လုပ်ရေးထက် ပုလဲအရည်အသွေး ကောင်းမွန်ရေးအတွက် လေ့ကျင့်ရေးနှင့် သုတေသန လုပ်ငန်းများကို အဓိကထား လုပ်ကိုင်မည်ဖြစ်ရာ ပြည်တွင်း၊ ပြည်ပဖက်စပ် ပုလဲမွေးကုမ္ပဏီများအား စီမံကိန်းများ ချမှတ်၍ ပုလဲမွေးမြူရေး ကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက် သွားနိုင်ရန်၊
(ခ ) ပုလဲထုတ်လုပ်မှုကဏ္ဍ တိုးတက်စေရေးအတွက် ပြည်တွင်း၊ ပြည်ပဖက်စပ် ပုလဲမွေးမြူရေး ကုမ္ပဏီများတိုးချဲ့ဖွင့်လှစ် လုပ်ဆောင် လာစေခြင်းနှင့် ဆောင်ရွက်ဆဲ ဖြစ်သော ပြည်တွင်း၊ ပြည်ပဖက်စပ် ပုလဲမွေးကုမ္ပဏီများမှ ရင်းနှီးမှုတိုးချဲ့မြှုပ်နှံစေပြီး ထုတ်လုပ်မှု တိုးတက် မြင့်မားစေရန်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm