Tel: 067409019 | Mail: messenger@e-mining.gov.mm
မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၏ တိုးချဲ့ဆောင်ရွက်မည့် စီမံကိန်းရည်မှန်းချက်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုဒေသများတွင် ပုလဲမွေးမြူနိုင်သော ကျွန်းစခန်းနှင့် ရေပြင်ဧရိယာများစွာ ကျန်ရှိနေပါသည်။ အနာဂတ်တွင် ပြည်တွင်း၊ ပြည်ပဖက်စပ်ပုလဲမွေးစခန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန် မြန်မာ့ပုလဲဥပဒေကို ပြင်ဆင်လျက်ရှိပါသည်။ မြန်မာ့ပုလဲဥပဒေ ပြင်ဆင် အတည်ပြုပြီးပါက ပြည်တွင်း၊ ပြည်ပဖက်စပ် ပုလဲမွေးကုမ္ပဏီများစွာ တိုးချဲ့ဆောင်ရွက်ရန် အလားအလာများ ရှိနေပါသည်။
လက်ရှိဆောင်ရွက်နေသော ပြည်တွင်း၊ ပြည်ပ ဖက်စပ် ပုလဲမွေးမြူရေး ကုမ္ပဏီများအား တိုးချဲ့ ရင်းနှီးမြှုပ်နှံစေရန်အတွက် လက်ရှိမွေးမြူရေး ရေပြင်ဧရိယာဖြင့် လုံလောက်မှုမရှိပါက တိုးချဲ့ခွင့်ပြုခြင်း၊ ရင်းနှီးမြှုပ်နှံသည့် ငွေကြေးပမာဏ တိုးမြှင့်မြှုပ်နှံစေခြင်း၊ ပြည်ပစျေးကွက်များသို့ ပုလဲများသွားရောက် ရောင်းချလိုပါက လွယ်ကူစေရန် စီမံဖန်တီးပေးခြင်း၊ ကုမ္ပဏီ၏ ထုတ်လုပ်သော ပုလဲများသည် အရည်အသွေး ကောင်းမွန်ပြီး ရှားပါးသော ပုလဲရတနာပစ္စည်းများ ဖြစ်ကြောင်း ကမ္ဘာနှင့်အဝှမ်း ကျယ်ပြန့်စွာသိရှိစေရန် ကြေငြာပေးခြင်းတို့ဖြင့် စျေးနှုန်း ကောင်းမွန်စွာဖြင့် ပုလဲများ ရောင်းချနိုင်ခြင်းကြောင့် ကုမ္ပဏီဝင်ငွေပိုမိုရရှိပြီး ရင်းနှီးမြှုပ်နှံမှု ထပ်မံစိမ့်ဝင် လာနိုင်အောင် ဆောင်ရွက်ပေး လျှက်ရှိပါသည်။
ခေတ်မီလာသော နိုင်ငံတကာ ပုလဲမွေးမြူရေး စနစ်များကျင့်သုံး၍ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်၍ အရည်အသွေးမီပုလဲကြီး၊ ပုလဲကောင်းများ တိုးတက်ထုတ်လုပ်သွားပြီး မြန်မာ့ပုလဲ စျေးကွက် ကမ္ဘာသို့ ကျယ်ပြန့်စွာ ထိုးဖောက်နိုင်အောင် ဆောင်ရွက်သွားနိုင်ရန် မျှော်မှန်းပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm