Tel: 067409019 | Mail: messenger@e-mining.gov.mm



ပုလဲမွေးမြူရေးစခန်းများသို့ ခရီးသွားလုပ်ငန်းမှ ဧည့်သည်များ လာရောက်လေ့လာမှု

 

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ နိုင်ငံပိုင် ပုလဲကျွန်းစခန်း၊ ပြည်တွင်း ကုမ္ပဏီ(၂)ခုဖြစ်သော အရှေ့တိုင်းပုလဲကုမ္ပဏီ(ဂျလန်းကျွန်း)နှင့် ပြည့်စုံထက်မြင့် ကုမ္ပဏီလီမိတက် (ငလုံးလဖယ်ကျွန်း)၊ ပြည်ပကုမ္ပဏီ(၂)ခုဖြစ်သော မြန်မာအတ္တလန်တစ်ကုမ္ပဏီ(ဒုံးပုလဲအော်ကျွန်း)နှင့် ဘဲပါးလ်မြန်မာ ကုမ္ပဏီ(ရွှေကျွန်း) စုစုပေါင်း ပုလဲမွေးမြူရေးကျွန်းစခန်း(၅)ခုသို့ ဧည့်သည်များ လာရောက် လေ့လာနိုင်ရန်အတွက် ခရီးသွားလုပ်ငန်းစီမံချက်ကို လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၁၈)မှ နိုင်ငံခြားသား တစ်ဦးလျှင် ဝင်ကြေးငွေ  US$ 15 နှင့် နိုင်ငံသား ခရီးသည် တစ်ဦးလျှင် မြန်မာကျပ်ငွေ (၁၅၀၀၀/-) နှုန်း ဖြင့် ဝင်ရောက်လေ့လာခွင့် ပြုခဲ့ပါသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့အထိ နိုင်ငံပိုင် ပုလဲကျွန်းစခန်းသို့ နိုင်ငံခြားသား ခရီးသွား(၄)ယောက်၊ နိုင်ငံသားခရီးသွား (၆)ယောက်၊ စုစုပေါင်း (၁၀)ယောက် ဝင်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၆၀)နှင့် မြန်မာကျပ်ငွေ (၉၀,၀၀၀/-) ကျပ် ရရှိခဲ့ပါသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့အထိ ကျွန်းစခန်း(၅)ခုသို့ နိုင်ငံခြားသား ခရီးသွား(၈၈)ယောက်၊ နိုင်ငံသားခရီးသွား (၂၂၆)ယောက်၊ စုစုပေါင်း (၃၁၄)ယောက် ဝင်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂,၇၇၈)နှင့် မြန်မာကျပ်ငွေ (၆,၁၈၁,၇၆၁/-) ကျပ် ရရှိခဲ့ပါသည်။