Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း
မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော်
Tel:-0673 414223
Myanmar Pearl Auction (December – 2019)
၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၏ "Myanmar Pearl Auction (December -2019)"ကို EURO ငွေစနစ်ဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁၊ ၁၂၊ ၁၃)ရက်နေ့များတွင် နေပြည်တာ်၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက် ၊ ရတနာဈေးထပ်၌ ရောင်းချပါမည်။
၂။ မည်သည့်နိုင်ငံသားမဆို တက်ရောက်ဝယ်ယူနိုင်ပါသည်။ တက်ရောက်ဝယ်ယူမည့် ပြည်ပပုလဲကုန်သည်များသည် အာမခံစပေါ်ငွေ EURO (2000) နှင့် ပြည်တွင်း ပုလဲကုန်သည် များသည် အာမခံစပေါ်ငွေ ကျပ် (၂၅)သိန်း ကို ကြိုတင်ပေးသွင်းရပါမည်။ ပုလဲရောင်းချပွဲသို့ တက်ရောက်ရန် မြန်မာ့ပုလဲ(ရုံးချုပ်)သို့ (၂.၁၂.၂၀၁၉)ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်ပါသည်။ ရောင်းချပွဲ အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက် (ဗုဒ္ဓဟူးနေ့)
(၁) ပုလဲတွဲများ ပြသကြည့်ရှုခြင်း - (၀၉:၀၀- ၁၆:၃၀)နာရီ
(၂) တင်ဒါအမှတ်(၁)ပိတ်သိမ်းခြင်း - (၁၆:၀၀)နာရီ
(၃) တင်ဒါအမှတ်(၁)ကြေညာခြင်း - (၁၇:၀၀)နာရီ
(ခ) ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက် (ကြာသပတေးနေ့)
(၁) ပုလဲတွဲများပြသကြည့်ရှုခြင်း - (၀၉:၀၀ - ၁၆:၃၀)နာရီ
(၂) တင်ဒါအမှတ်(၂)ပိတ်သိမ်းခြင်း - (၁၂:၀၀)နာရီ
(၃) တင်ဒါအမှတ်(၂)ကြေညာခြင်း - (၁၃:၀၀)နာရီ
(၄) တင်ဒါအမှတ်(၃)ပိတ်သိမ်းခြင်း - (၁၆:၀၀)နာရီ
(၅) တင်ဒါအမှတ်(၃)ကြေညာခြင်း - (၁၇:၀၀)နာရီ
(ဂ) ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက် (သောကြာနေ့)
(၁) ပုလဲတွဲများပြသကြည့်ရှုခြင်း - (၀၉:၀၀ - ၁၂:၀၀)နာရီ
(၂) တင်ဒါအမှတ်(၄)ပိတ်သိမ်းခြင်း - (၁၂:၀၀)နာရီ
(၃) တင်ဒါအမှတ်(၄)ကြေညာခြင်း - (၁၃:၀၀)နာရီ
မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm