Tel: 067409019 | Mail: messenger@e-mining.gov.mm



တာဝန်များ
၁။ ဓာတ်သတ္တုပစ္စည်းများ တိုးချဲ့ရှာဖွေ ထုတ်လုပ်နိုင်ရေးကို နိုင်ငံပိုင်အဖွဲ့အစည်းများမှ လည်းကောင်း၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိကအဖွဲ့အစည်းများမှ လည်းကောင်း ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ရန်၊
၂။ ဓာတ်သတ္တုပစ္စည်းများ ရှာဖွေတူးဖော်ထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထား ဆောင်ရွက်ရန်၊
၃။ သတ္တုတွင်းဟောင်းများကို ပြန်လည်ထူထောင်ရေးနှင့် မွမ်းမံရေးလုပ်ငန်း များကိုအလေးပေးဆောင်ရွက်ရန်၊
၄။ ကမ္ဘာ့စျေးကွက်ကို မျက်ခြေမပျက်လေ့လာပြီး အလားအလာကောင်းသည့် ဓာတ်သတ္တုများ ထုတ်လုပ် တင်ပို့ရောင်းချ နိုင်ရေးကြိုးပမ်း ဆောင်ရွက်ရန်၊
၅။ တိုးတက်ထွက်ရှိလာသည့် သတ္တုတွင်းထွက်ပစ္စည်းများကို ပြည်ပသို့တိုးတက်တင်ပို့ ရောင်းချရေးနှင့် ပြည်တွင်း လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရန်၊
၆။ ကျောက်မျက်ရတနာနှင့် သတ္တုများကို ဆင့်တက်ပြုပြင်ပြီး အရည်အသွေးမြင့် ကုန်ချောပစ္စည်းများအဖြစ် တိုးချဲ့ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊